Connect with us

China

တရုတ်နှင့် အရှေ့တောင်အာရှ ၅ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မည်

လာအိုနိုင်ငံတွင် တရုတ်-လာအို ချစ်ကြည်ရေး Shield-2023 ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော စစ်သားများကို ၂၀၂၃ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်တွင် တရုတ်တပ်မတော်နှင့် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ် တပ်ဖွဲ့များကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ လလယ်မှ လကုန်ပိုင်းအထိ ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်၌ ပြောကြားခဲ့သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ရေကြောင်းလုံခြုံရေး ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အကြမ်းဖက်မှုနှင့် ပင်လယ်ဓါးပြ တိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲလေ့ကျင့်မှုများ စုစည်းဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနအရ သိရသည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ပါဝင်သည့်နိုင်ငံများအား ၎င်းတို့၏ မြို့ပြ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ရေကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ပင်လယ်ဓါးပြတိုက်ဖျက်ရေး စွမ်းဆောင်မှုများ အဆင့်မြှင့်တင်ရေး၊ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးထိန်းသိမ်းရန် စစ်ရေးအပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး အထောက်အကူပြုရန် ရည်ရွယ်ထားကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)

…………………………
(English Version)
China, five Southeast Asian countries to hold joint military exercise

BEIJING, Nov. 12 (Xinhua) — The Chinese military will hold a joint exercise with Cambodian, Lao, Malaysian, Thai, and Vietnamese forces in south China’s Guangdong Province in mid-to-late November, the Ministry of National Defense said Sunday.
Themed on countering terrorism and maintaining maritime safety, the exercise will organize joint and live anti-terrorism and anti-piracy drills, according to the ministry.
The aim is to help participants enhance their urban anti-terrorism, maritime anti-terrorism and anti-piracy capabilities, and deepen military mutual trust and cooperation to safeguard regional peace and stability, the ministry said.
Photo: Soldiers attend the launching ceremony of the China-Laos Friendship Shield-2023 joint exercise in Laos, May 11, 2023. (Photo by Yang Jicheng/Xinhua)