Connect with us

China

တရုတ်နိုင်ငံ၏ ဝင်ရိုးစွန်းသွား ရေခဲခွဲသင်္ဘောက အနောက်တောင်ပစိဖိတ်တွင် ငါးဖမ်းစက်လှေတစ်စင်းကို ကယ်ဆယ်ပေး

တရုတ်နိုင်ငံ၏ အကြိမ် ၄၀ မြောက် အန္တာတိကစူးစမ်းလေ့လာရေးအဖွဲ့၊ အဖွဲ့ဝင်များက ကယ်ဆယ်ထားသော ငါးဖမ်းစက်လှေကို သုတေသန ရေခဲခွဲသင်္ဘော Xuelong 2 ထံ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က လွှဲပြောင်းနေစဉ် (ဆင်ဟွာ)

Xuelong 2 သင်္ဘော၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သုတေသန ရေခဲခွဲသင်္ဘော Xuelong 2 သည် လက်ရှိတွင် အန္တာတိက စူးစမ်းလေ့လာရေး ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာ ၁၁ ရက် (ပေကျင်းစံတော်ချိန်) က ငါးဖမ်းလှေတစ်စင်းနှင့် ၎င်း၏ဝန်ထမ်း လေးဦးတို့ကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

နှင်းနဂါး-၂ ရေခဲခွဲသင်္ဘောသည် အဆိုပါ စက်လှေကို ကယ်တင်ရန်မလာမီက ပါပူအာနယူးဂီနီနိုင်ငံ ရေပိုင်နက်တွင် သောကြာနေ့က ငါးဖမ်းစက်လှေထံမှ အကူအညီတောင်းခံကြောင်း သတိပေးချက်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုစက်လှေတွင် လူလေးဦးပါဝင်ပြီး အနောက်တောင် ပစိဖိတ်ကျွန်းနိုင်ငံမှ ဖြစ်ကြောင်း သိရှိလာခဲ့သည်။ စက်လှေ၏ လောင်စာဆီနှင့် ဘက်ထရီအားကုန်သွားပြီနောက် အချိန် ၉ နာရီနီးပါး မျောနေခဲ့ခြင်းဖြစ်သည်။
Xuelong 2 နှင့် လိုက်ပါလာသော စူးစမ်းလေ့လာရေးအဖွဲ့သည် ၎င်းတို့အား အစားအစာနှင့် ဒီဇယ်လောင်စာဆီ ပေးခြင်း၊ ဘက်ထရီများ အားသွင်းပေးခြင်းနှင့် တရုတ်နိုင်ငံ ရေကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာ၊ ပါပူအာနယူးဂီနီနိုင်ငံ ရေကြောင်း ကယ်ဆယ်ညှိနှိုင်းရေးစင်တာ၊ စက်လှေဝန်ထမ်းများ၏ မိသားစုဝင်များနှင့် ဆက်သွယ်ချိတ်ဆက်ခဲ့ကြောင်း သိရသည်။

ဒေသခံကယ်ဆယ်ရေးသင်္ဘောများ မရှိခြင်းကြောင့် စက်လှေကို ရေခဲခွဲသင်္ဘောပေါ်သို့ မ တင်ရန်နှင့် သတ်မှတ်ရေပိုင်နက်ဆီသို့ လွှဲပြောင်းရန် စူးစမ်းလေ့လာရေးအဖွဲ့က ဆုံးဖြတ်ခဲ့သည်။ နိုဝင်ဘာ ၁၁ ရက်တွင်မူ စက်လှေကို ၎င်း၏ဝန်ထမ်းများနှင့်အတူ ဒေသခံသင်္ဘောများထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ အကြိမ် ၄၀ မြောက် အန္တာတိကစူးစမ်းလေ့လာရေးအဖွဲ့သည် အချိန် ၅ လကြာမြင့်နိုင်မည့် မစ်ရှင်အတွက် ယခုနှစ် နိုဝင်ဘာ ၁ ရက်က စတင်ထွက်ခွာလာခဲ့သည်။ Xuelong နှင့် Xuelong 2 ရေခဲခွဲသင်္ဘောများသည် ရှန်ဟိုင်းမြို့မှ ထွက်ခွာလာခဲ့သလို ထျန်းဟွေ ကုန်တင်သင်္ဘောကလည်း တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ ကျန်းကျားကန်းမြို့မှ ထွက်ခွာလာခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ၏ အကြိမ် ၄၀ မြောက် အန္တာတိကစူးစမ်းလေ့လာရေးအဖွဲ့၊ အဖွဲ့ဝင်များက ကယ်ဆယ်ထားသော ငါးဖမ်းစက်လှေကို သုတေသန ရေခဲခွဲသင်္ဘော Xuelong 2 ထံ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က လွှဲပြောင်းနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြိမ် ၄၀ မြောက် အန္တာတိကစူးစမ်းလေ့လာရေးအဖွဲ့၊ အဖွဲ့ဝင်တစ်ဦးနှင့် ကယ်ဆယ်ထားသော ငါးဖမ်းစက်လှေမှ ဝန်ထမ်းတစ်ဦးတို့ ဆက်သွယ်စကားပြောနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြိမ် ၄၀ မြောက် အန္တာတိကစူးစမ်းလေ့လာရေးအဖွဲ့၊ အဖွဲ့ဝင်တစ်ဦးနှင့် ကယ်ဆယ်ထားသော ငါးဖမ်းစက်လှေမှ ဝန်ထမ်းတစ်ဦးတို့ ဆက်သွယ်စကားပြောနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(English Version)
China’s polar icebreaker rescues fishing boat in southwestern Pacific
ABOARD XUELONG 2, Nov. 13 (Xinhua) — China’s research icebreaker Xuelong 2, currently in an Antarctic expedition, successfully rescued a fishing boat and its four crew members on Saturday (Beijing Time).
The icebreaker, or the Snow Dragon 2, found a fishing boat sending out a distress signal a day earlier in the waters off Papua New Guinea before coming to its rescue.
It became known that the four on board were fishermen from the Southwestern Pacific island country. The boat had been adrift for nearly nine hours after running out of its fuel and battery.
The expedition team aboard Xuelong 2 offered them food and diesel fuel, charged their batteries, and contacted the China Maritime Search and Rescue Center, Papua New Guinea Maritime Rescue Coordination Center and the families of the crew members.
As there were no local rescue ships available, the team decided to lift the boat aboard the icebreaker and deliver it to designated waters. On Saturday, the boat, along with its crew members, was handed over to local vessels.
China’s 40th Antarctic expedition team set sail on Nov. 1 this year, starting a mission expected to last over five months. Research icebreakers Xuelong and Xuelong 2 set off from Shanghai, while cargo vessel Tian Hui departed from Zhangjiagang in east China’s Jiangsu Province.
Photo 1,2: Members of China’s 40th Antarctic expedition team transfer the rescued fishing boat to China’s research icebreaker Xuelong 2, aboard Xuelong 2 on Nov. 11, 2023. (Xinhua/Zhou Yuan)
Photo 3,4: A member of China’s 40th Antarctic expedition team communicates with a crew member of the rescued fishing boat aboard China’s research icebreaker Xuelong 2 on Nov. 10, 2023. (Xinhua/Zhou Yuan)