Connect with us

China

ဒေသတွင်းနှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရာတွင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားက ပိုမိုတက်ကြွသောအခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း ဝမ်ရိပြော

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ၁၀ ကြိမ်မြောက် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘူဆန်၊ တောင်ကိုရီးယား၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့သည် ရာစုနှစ်အတွင်း မကြုံတွေ့ဖူးသော ပြောင်းလဲမှုများ အရှိန်မြင့်ခြင်းနှင့် ကမ္ဘာ့စီးပွားရေး နာလန်ထူမှုနှေးကွေးခြင်းများ ကြုံတွေ့လျက်ရှိစဉ် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရာတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဘူဆန်မြို့၌ နိုဝင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ၁၀ ကြိမ်မြောက် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်သည် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Park Jin နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa တို့နှင့်အတူ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပသော တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့၏ သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု၊ မိတ်ဖက်ဆက်ဆံမှုတည်ဆောက်ရေး မူဝါဒအရ တရုတ်နိုင်ငံသည် တော်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့နှင့်အတူ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းပေါ်သို့ ပြန်လည်ဆောင်ကြဉ်းနိုင်ရေး၊ ခိုင်မာ တည်ငြိမ်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရေး၊ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ပံ့ပိုးကူညီမှုအသစ်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။

ထို့ပြင် သုံးနိုင်ငံအနေဖြင့် အပြန်အလှန် အကျိုးရှိ၍ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမည့်ရလဒ်များကို ခိုင်ခိုင်မာမာ ဆောင်ရွက်ရန်၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား သုံးနိုင်ငံ လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများအား ဆောလျင်စွာ ပြန်လည်စတင်ရန်၊ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုအရှိန်အဟုန် ထိန်းထားရန်၊ လွတ်လပ်သောကုန်သွယ်ရေးစီမံခန့်ခွဲမှုများ နယ်ပယ်စုံနှင့် အဆင့်မျိုးစုံ မြှင့်တင်ရန်၊ အာရှ-ပစိဖိတ်ဒေသ လွတ်လပ်သောကုန်သွယ်မှုနယ်ပယ်အတွက် တွန်းအားပေးမည့် ဘုံပန်းတိုင်တစ်ရပ် ပံ့ပိုးကူညီသင့်ကြောင်း ဝမ်က အလေးထားပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Park နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Kamikawa တို့ကလည်း တရုတ်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုများအပေါ် ချီးကျူးပြောကြားခဲ့ပြီး ထိုသုံးနိုင်ငံသည် ခွဲခြား၍မရသောအိမ်နီးချင်းများဖြစ်ကြသလို သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကလည်း ကြီးမားအရေးပါ၍ မဟာအခွင့်အလမ်းဖြစ်ကြောင်း ပြောခဲ့သည်။

အဆိုပါ သုံးနိုင်ငံအနေဖြင့် အခြေအနေသစ်ကို ရင်ဆိုင်နေရစဉ် ပူးပေါင်းဆောင်ရွက်မှု၏ မူလရည်မှန်းချက်ကို ပြန်လည်သုံးသပ်ရန်၊ နယ်ပယ်စုံတွင် ဆက်ဆံရေးအားကောင်းမှုရှိရန်၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် သုံးနိုင်ငံမှ ပြည်သူများထံ သိသာထင်ရှားသော အကျိုးရလဒ်များ ပိုမိုဆောင်ကြဉ်းပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့က ထည့်သွင်းပြောကြားခဲ့ကြသည်။

ထို့ပြင် သုံးနိုင်ငံအနေဖြင့် တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များအစည်းအဝေး ကျင်းပရေး အခြေအနေများ ဖန်တီးရန်နှင့် ဆက်စပ်သော ကြိုတင်ပြင်ဆင်မှုလုပ်ငန်းကို ဆောင်ရွက်ရန်လည်း သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China, Japan, S. Korea should play more proactive role in promoting regional, global development: Wang Yi
BUSAN, South Korea, Nov. 26 (Xinhua) — China, Japan and South Korea should play a more proactive role in promoting regional and global development facing accelerating changes unseen in a century and the slow recovery of the world economy, Chinese Foreign Minister Wang Yi said here on Sunday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, attended the trilateral foreign ministers’ meeting between China, Japan and South Korea with South Korean Foreign Minister Park Jin and Japanese Foreign Minister Yoko Kamikawa in Busan, South Korea.
Following the policy of building friendship and partnership with its neighbors, China will continue to work with South Korea and Japan to bring trilateral cooperation back on track, maintain sound, stable and sustainable development, and make new contributions to regional and world peace and prosperity, said Wang.
Wang stressed that the three countries should stick to mutual benefit and win-win results, restart negotiations on the trilateral free trade agreement among China, Japan and South Korea as soon as possible, maintain the momentum of regional economic integration, improve the multi-channel and multi-level regional free trade arrangements, and contribute to the common goal of pushing for a Free Trade Area of the Asia-Pacific.
Park and Kamikawa spoke highly of the progress made in China-Japan-South Korea cooperation, saying that the three countries are inseparable neighbors and trilateral cooperation is of great significance and great potential.
Facing the new situation, the three countries should review the original aspiration of cooperation, strengthen communication and promote cooperation in various fields, and bring more tangible results to the people of the three countries, they said.
The three sides agreed to create conditions for the China-Japan-South Korea leaders’ meeting and step up relevant preparatory work.
Photo 1,2: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, attends the tenth trilateral foreign ministers’ meeting between China, Japan and South Korea with South Korean Foreign Minister Park Jin and Japanese Foreign Minister Yoko Kamikawa in Busan, South Korea, Nov. 26, 2023. (Xinhua/Yao Qilin)