Connect with us

China

အမေရိကန်ကုမ္ပဏီများက နောက်နှစ် CIIE ကိုလည်းပြပွဲတက်ရောက်နိုင်ရန် မျှော်လင့်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ဆဋ္ဌအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် Vertaxi မှ ပြသထားသော Matrix 1 ဒေါင်လိုက် အဆင်းအတက်ပြုလုပ်နိုင်သော လျှပ်စစ်လေယာဉ် (eVTOL) ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲသည် အမေရိကန်ကုမ္ပဏီများအတွက် ၎င်းတို့၏ နည်းပညာများနှင့် ထုတ်ကုန်များ တရုတ်ဈေးကွက်သို့ဝင်ရောက်ရေးအတွက် မဟာအခွင့်အလမ်းကြီးဖြစ်ကြောင်းနှင့် လာမည့်နှစ် ပြပွဲတွင် ပါဝင်ပြသနိုင်ရန် မျှော်လင့်ကြောင်း ရှန်ဟိုင်းမြို့ရှိ အမေရိကန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Eric Zheng က ပြောခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ဆဋ္ဌအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ခင်းကျင်းပြသထားသော John Deere 8600 မြက်ရိတ်စက်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာ့ပထမဆုံး နိုင်ငံအဆင့် သွင်းကုန်ရည်ရွယ်ကျင်းပသည့်ပြပွဲဖြစ်သော CIIE သည် အမေရိကန်ပြပွဲပြသူများအတွက် နှစ်စဉ် အမှာစာများ ပိုမိုရရှိရန် ပလက်ဖောင်းဖြစ်ကြောင်း အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) ၌ လက်ရှိ ကျင်းပနေဆဲဖြစ်သော ဆဋ္ဌမအကြိမ်မြောက် CIIE တွင် Zheng က ဆင်ဟွာကို ပြောခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲကို နိုဝင်ဘာ ၅ ရက်တွင် စတင်ကျင်းပခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်အထိ ဆက်လက်ကျင်းပရန် စီစဉ်ထားသည်။ ယခုနှစ်ပြပွဲ၏ အချက်အချာတစ်ခုမှာ အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ရှန်ဟိုင်းမြို့ရှိ အမေရိကန်ကုန်သည်ကြီးများအသင်းက ပူးတွဲပြသသည့် အမေရိကန် စားသောက်ကုန်နှင့် လယ်ယာထွက်ကုန်ပြခန်း ဖြစ်သည်။

ယင်းပြခန်းကို နိုဝင်ဘာ ၅ ရက်တွင် ပညာရပ်ဆိုင်ရာဧည့်သည်တော်များက ဖွင့်လှစ်ပေးခဲ့ပြီး CIIE ပြပွဲတွင် အမေရိကန်အစိုးရက ပထမဆုံး ပါဝင်ကာ ပြခန်းဖွင့်လှစ်ပြသခြင်းလည်းဖြစ်သည်။
စတုရန်းမီတာ ၄၀၀ ခန့်ရှိသော ပြခန်းဧရိယာတွင် အမေရိကန်အစိုးရအဖွဲ့အစည်းများ၊ စိုက်ပျိုးရေးထုတ်ကုန်အသင်းများ၊ စိုက်ပျိုးရေးဆိုင်ရာတင်ပို့သူများ၊ စားသောက်ကုန်ထုတ်လုပ်သူများနှင့် ထုပ်ပိုးမှုကုမ္ပဏီများမှ စုစုပေါင်း ပြခန်းပြသသူ ၁၇ ဖွဲ့က အသား၊ အစေ့အဆံ၊ ဒိန်ခဲနှင့် ဝိုင် စသည့်ထုတ်ကုန်များကို ပြသခဲ့သည်။

“ကုန်စည်ရောင်းဝယ်မှုပမာဏက ကျွန်တော် မျှော်မှန်းထားတာထက် ပိုပါတယ်။ ပြပွဲဖွင့်လှစ်တဲ့နေ့မှာပဲ အမေရိကန်ပြပွဲပြသသူ နှစ်ဖွဲ့က အမေရိကန်ဒေါ်လာ ၅ သန်း တန်ဖိုးရှိတဲ့အမှာစာတွေ လက်မှတ်ရေးထိုးခဲ့ကြတယ်” ဟု Zheng က ဆိုသည်။

ထို့ပြင် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းအထိ ပြပွဲပြသူ ၁၇ ဖွဲ့အနက် ၃ ဖွဲ့က စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် အမှာစာများ လက်ခံရရှိခဲ့ကြောင်း ရှန်ဟိုင်းမြို့ရှိ အမေရိကန်ကုန်သည်ကြီးများအသင်းအရ သိရသည်။ (Xinhua)

………………………………
(English Version)
More U.S. companies hope to attend CIIE next year: AmCham Shanghai president
SHANGHAI, Nov. 9 (Xinhua) — The China International Import Expo (CIIE) is a great opportunity for U.S. companies looking to enter the Chinese market to showcase their technologies and products, and more U.S. firms hope to participate in the expo next year, said Eric Zheng, president of the American Chamber of Commerce in Shanghai.
As the world’s first import-themed national exhibition, the CIIE offers a platform for U.S. exhibitors to garner orders every year, Zheng told Xinhua during the 6th CIIE, which is underway at the National Exhibition and Convention Center (Shanghai).
The grand expo kicked off on Nov. 5 and is scheduled to continue until Nov. 10. One focus of the event this year is the U.S. food and agriculture pavilion, jointly set up by the United States Department of Agriculture and the American Chamber of Commerce in Shanghai.
The pavilion opened to professional visitors on Monday, marking the first time that the U.S. government has participated in the expo and set up a pavilion.
A total of 17 exhibitors from the U.S. state governments, agricultural product associations, agricultural exporters, food manufacturers and packaging companies showcased products such as meat, nuts, cheese and wine at the pavilion covering an area of around 400 square meters.
“The transaction volume has exceeded my expectations, with two U.S. exhibitors signing 5 million U.S. dollars of orders on the day the pavilion opened,” Zheng said.
As of Wednesday morning, three of the 17 exhibitors had received orders totaling more than 500 million U.S. dollars, according to the American Chamber of Commerce in Shanghai.
Photo 1: This photo taken on Nov. 5, 2023 shows a Matrix 1 electric-vertical-takeoff-and-landing (eVTOL) aircraft displayed by Vertaxi at the 6th China International Import Expo (CIIE) in east China’s Shanghai. (Xinhua/Xin Mengchen)
Photo 2: This photo taken on Nov. 5, 2023 shows a John Deere 8600 forage harvester displayed at the 6th China International Import Expo (CIIE) in east China’s Shanghai. (Xinhua/Fang Zhe)