Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၇၁,၀၀၀ ကျော် ထိခိုက်ခံစားရ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှ ၂၀ ကီလိုမီတာကွာဝေးသော Gampaha မြို့ရှိ ရေပြည့်လျှံနေသည့်လမ်းပေါ် ဖြတ်သန်းသွားလာနေသူများကို ၂၀၂၁ ခုနှစ် ဇွန် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံရှိ ခရိုင် ၁၃ ခုမှ ပြည်သူ ၇၁,၀၀၀ ကျော်မှာ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေရကြောင်း သဘာဝဘေးအန္တရယ် စီမံခန့်ခွဲမှုစင်တာ (DMC) က အောက်တိုဘာ ၉ ရက်၌ ပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများကြောင့် လူ ၃ ဦးသေဆုံးခဲ့ကြောင်း DMC က ပြောခဲ့သည်။
သီရိလင်္ကာနိုင်ငံတွင် အနောက်တောင်မုတ်သုံရာသီဥတု သက်ရောက်မှုကြောင့် မကြာသေးမီ သီတင်းပတ်များအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ခရိုင်များစွာ၌ မြေပြိုမှုသတိပေးချက်များလည်း ထုတ်ပြန်ထားကြောင်း အမျိုးသား အဆောက်အအုံသုတေသနအဖွဲ့က အောက်တိုဘာ ၉ ရက်၌ ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ အနောက်ပိုင်း Sabaragamuwa ပြည်နယ်နှင့် တောင်ပိုင်းပြည်နယ်များတွင် မိုးရွာသွန်းမှုများမှာ လာမည့် ၄၈ နာရီအတွင်း လျော့နည်းသွားနိုင်ကြောင်း မိုးလေဝသဌာန ပြောကြားချက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
More than 71,000 Sri Lankans affected by heavy rains
COLOMBO, Oct. 9 (Xinhua) — More than 71,000 Sri Lankans in 13 districts have been adversely affected by heavy rains and floods, the country’s Disaster Management Center (DMC) said on Monday.
The DMC said three people have died due to floods and landslides.
Sri Lanka has seen heavy rains in recent weeks due to the activation of the south-west monsoon season.
The National Building Research Organization said on Monday that due to the prevailing rainy weather, landslide warning notices issued for several districts were extended.
The Department of Meteorology said that rains in Western, Sabaragamuwa, and Southern provinces would decrease in the next 48 hours.
Photo: People wade through a flooded road in Gampaha, about 20 km from Colombo, Sri Lanka, on June 4, 2021. (Photo by Ajith Perera/Xinhua)