Connect with us

CPPCC

လီခဲ့ချန် တင်ပြခဲ့သည့် အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ဖော်ပြထားသော ယခုနှစ် ဖွံ့ဖြိုးတိုးတက်ရေး အဓိကရည်မှန်းချက်များ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ကျင်းပသော (၁၄)ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ပထမအကြိမ် အစည်းအဝေးတွင် အစိုးရလုပ်ငန်းအစီရင်ခံစာ ဖတ်ကြားနေသော တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား ၂၀၂၃ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ယခုနှစ် ဖွံ့ဖြိုးတိုးတက်ရေး အဓိကရည်မှန်းချက်များကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၅ ရက် အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ၎င်းတို့မှာ GDP တိုးတက်မှု ၅ ရာခိုင်နှုန်းခန့် မြို့ပြအလုပ်အကိုင်ရရှိမှု ၁၂ သန်းခန့်၊ မြို့ပြစစ်တမ်း အလုပ်လက်မဲ့နှုန်း ၅.၅ ရာခိုင်နှုန်းခန့်၊ စားသုံးသူ ဈေးနှုန်းအညွှန်းကိန်း ၃ ရာခိုင်နှုန်းခန့် ရှိစေရန်၊ ပြည်သူများ၏ဝင်ငွေတိုးပွားမှုနှင့်စီးပွားရေးတိုးတက်မှုနှုန်းသည် တစ်ပြေးညီရှိစေရန်၊ သွင်းကုန်ထုတ်ကုန် အရည်သွေးမြင့် တည်ငြိမ်မှုရှိကာ နိုင်ငံတကာ ဝင်ငွေထွက်ငွေ အခြေခံအားဖြင့် မျှတစေရန်၊ စားနပ်ရိက္ခာထုတ်လုပ်မှုပမာဏကို ၁.၃ ထရီလီယံ ကျင်း(jin)နှင့် အထက်ရှိစေရန်၊ GDP တစ်ယူနစ် စွမ်းအင်သုံးစွဲမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းစေသော ထုတ်လွှတ်မှုပမာဏများကို ဆက်လက်လျှော့ချသွားရန် ၊ ဇီဝရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို အဓိက ထိန်းချုပ်ရန် ၊ ဂေဟပတ်ဝန်းကျင် အရည်အသွေး တည်ငြိမ်စွာ ကောင်းမွန်လာစေရန် တို့ ဖြစ်ကြောင်း သိရသည်။

တည်ငြိမ်မှုကို အဓိကထား၍ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းရန်၊ ပစ်မှတ်ထိ၍အဆက်စပ်ရှိသော မူဝါဒများကို ဆက်လက်ထိန်းထားရန်၊ မူဝါဒအသီးသီး၏ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ကာ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းအင်အားအဖြစ် အတူမြှင့်တင် ဆောင်ရွက်ရန် ဖော်ပြထားသည်။ အပြုသဘောဆောင်သည့် ဘဏ္ဍာရေးမူဝါဒများကို ထိရောက်မှုမြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လိုငွေပြနှုန်းကို ၃ ရာခိုင်နှုန်းအဖြစ် လျာထားစီစဉ်ရမည်ဖြစ်ကြောင်း၊ အခွန်သက်သာခွင့်မူဝါဒများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ရာ လက်ရှိ ကျင့်သုံးနေသော အခွန့်လျှော့ချပေးခြင်း၊ အခွန်ပြန်အမ်းခြင်းနှင့်ဆိုင်းငံ့ပေးခြင်းစသည့် နည်းလမ်းများတွင် ဆက်လက်ဆောင်ရွက်သင့်သည်များကို ဆက်လက်ဆောင်ရွက်၍ ကောင်းမွန်အောင်ပြုပြင်သင့်သည်များကို ကောင်းမွန်အောင် ပြုပြင်ရမည် ဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထို့အပြင် အခြေခံအာမခံချက် ၃ ရပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တည်ငြိမ်ကောင်းမွန်မှုရှိသော ငွေကြေးမူဝါဒကို တိကျမှန်ကန်အားကောင်းအောင် ဆောင်ရွက်ရမည် ဖြစ်ရာ ငွေကြေးပံ့ပိုးမှုပမာဏနှင့် လူမှုဘဏ္ဍာရေးပမာဏ တိုးတက်မှုသည် အမည်ခံစီးပွားရေးတိုးတက်မှု၏ တိုးတက်မှုနှုန်းနှင့် အခြေခံအားဖြင့် ကိုက်ညီမှုကို ထိန်းသိမ်း၍ လက်တွေ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ယွမ်ငွေလဲဈေးနှုန်းသည် သင့်လျော်မျှတမှုတွင် အခြေခံအားဖြင့် တည်ငြိမ်နေရမည် ဖြစ်ကြောင်း ၊ စက်မှုလုပ်ငန်းမူဝါဒများသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့်လုံခြုံဘေးကင်းရေးကို အတူဖော်ဆောင်နိုင်ရမည်ဖြစ်ကြောင်း ၊ သမားရိုးကျစက်မှုလုပ်ငန်းများ၏ ပြုပြင်ပြောင်းလဲအဆင့်မြှင့်တင်မှုကို တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်သလို မဟာဗျူဟာမြောက် ထွန်းသစ်စစက်မှုလုပ်ငန်းများ ပျိုးထောင်ခြင်းကိုလည်း အားကောင်းအောင် ဆောင်ရွက်ရမည် ဖြစ်ရာ စက်မှုလုပ်ငန်းကွင်းဆက်၏အားနည်းမှုများကို အားကောင်းလာအောင် အားထားဖြည့်တင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာမူဝါဒများက မိမိကိုယ်ကိုအားကောင်းလာအောင် ဆောင်ရွက်နိုင်မှုပေါ်တွင် အဓိက အားထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပုံစံအသစ်အသွင် တစ်ပြည်လုံးစနစ်ကို ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ရာ အဓိကအချက်အချာကျနည်းပညာများ အောင်မြင်ရေးကို ကြိုးပမ်းရာ၌ အစိုးရအနေဖြင့် ကောင်းမွန်စွာ စုစည်း စီမံနိုင်သော အခန်းကဏ္ဍမှ ပါဝင်ရမည် ဖြစ်သလို ကုမ္ပဏီလုပ်ငန်းများ၏ သိပ္ပံနည်းပညာ ဆန်းသစ် ဖန်တီးမှုကို အဓိကနေရာတွင် ထားရှိပေးရမည် ဖြစ်ကြောင်း ၊ လူမှုရေးမူဝါဒများတွင် ပြည်သူ့စားဝတ်နေရေးကို အခြေပြု ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ အလုပ်အကိုင်နေရာချထားပေးနိုင်ရေး ဦးစားပေး မူဝါဒများကို အသေးစိတ် ဖော်ဆောင်ရမည် ဖြစ်ပြီး လူငယ်လူရွယ်များ အထူးသဖြင့် တက္ကသိုလ်ကျောင်းပြီးမြောက်သောကျောင်းသားများအတွက် အလုပ်အကိုင်နေရာချထားရေးကို အလေးထားဆောင်ရွက်ကာ ပြည်သူများ၏အခြေခံစားဝတ်နေရေး အာမခံချက်များကို လက်တွေ့ထိရောက်စွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံ၏ ကပ်ရောဂါကာကွယ်ရေးထိန်းချုပ်မှုအဆင့်သည် “B အဆင့်နှင့် B စီမံခန့်ခွဲမှု”ဖြစ်သော ပုံမှန်အနေအထားဖြင့် ရောဂါကာကွယ်ရေးထိန်းချုပ်မှုအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို သိပ္ပံနည်းကျ၊ တိကျမှု၊ ထိရောက်မှု ရှိစွာ ပိုမို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးကို ထိန်းသိမ်းရန်၊ ရောဂါပြင်းထန်မှုကို ကာကွယ်ရန် သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ရောဂါအခံရှိသော လူအုပ်စုများ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ဆေးကုသရေးကို အဓိက ထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေး အဆင့်မြှင့်တင်ခြင်းနှင့် ဆေးဝါးသစ် သုတေသနပြုမှုများကို တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ဆေးကုသမှုနှင့်ဆေးဝါးလိုအပ်ချက်များကို အာမခံထား ဖြည့်ဆည်းရမည်ဖြစ်ကြောင်း၊ ပြည်သူ၏အသက်အိုးအိမ်လုံခြုံရေးနှင့် ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်ရမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

———————————-
(两会受权发布)李克强在政府工作报告中提出今年发展主要预期目标
新华社北京3月5日电国务院总理李克强5日在政府工作报告中指出,今年发展主要预期目标是:国内生产总值增长5%左右;城镇新增就业1200万人左右,城镇调查失业率5.5%左右;居民消费价格涨幅3%左右;居民收入增长与经济增长基本同步;进出口促稳提质,国际收支基本平衡;粮食产量保持在1.3万亿斤以上;单位国内生产总值能耗和主要污染物排放量继续下降,重点控制化石能源消费,生态环境质量稳定改善。
要坚持稳字当头、稳中求进,保持政策连续性针对性,加强各类政策协调配合,形成共促高质量发展合力。积极的财政政策要加力提效。赤字率拟按3%安排。完善税费优惠政策,对现行减税降费、退税缓税等措施,该延续的延续,该优化的优化。做好基层“三保”工作。稳健的货币政策要精准有力。保持广义货币供应量和社会融资规模增速同名义经济增速基本匹配,支持实体经济发展。保持人民币汇率在合理均衡水平上的基本稳定。产业政策要发展和安全并举。促进传统产业改造升级,培育壮大战略性新兴产业,着力补强产业链薄弱环节。科技政策要聚焦自立自强。完善新型举国体制,发挥好政府在关键核心技术攻关中的组织作用,突出企业科技创新主体地位。社会政策要兜牢民生底线。落实落细就业优先政策,把促进青年特别是高校毕业生就业工作摆在更加突出的位置,切实保障好基本民生。
当前我国疫情防控已进入“乙类乙管”常态化防控阶段,要更加科学、精准、高效做好防控工作,围绕保健康、防重症,重点做好老年人、儿童、患基础性疾病群体的疫情防控和医疗救治,推进疫苗迭代升级和新药研制,切实保障群众就医用药需求,守护好人民生命安全和身体健康。(完)
Chinese Premier Li Keqiang delivers a government work report at the opening meeting of the first session of the 14th National People’s Congress (NPC) at the Great Hall of the People in Beijing, capital of China, March 5, 2023. (Xinhua/Ju Peng)