Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ငါးဖမ်းသင်္ဘော နစ်မြုပ်ပြီးနောက် လူ ၁ ဦးသေဆုံးပြီး ၉ ဦးပျောက်ဆုံးနေ

ဖိလစ်ပိုင်နိုင်ငံ Basilan ပြည်နယ် ကမ်းရိုးတန်းတွင် M/V Lady Mary Joy 3 သင်္ဘောမီးလောင်မှုကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့မှ သင်္ဘောတစ်စင်းက မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေသည်ကို ၂၀၂၃ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Coast Guard Station Basilan/Handout via Xinhua)

မနီလာ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ဖိလစ်နိုင်ငံ တောင်ပိုင်း Davao Oriental ပြည်နယ်တွင် ဇွန် ၂၂ ရက် အစောပိုင်းက ငါးဖမ်းသင်္ဘောတစ်စင်း နစ်မြုပ်ပြီးနောက် လူ ၁ ဦး၏ ရုပ်အလောင်းကို ကယ်ဆယ်ရေးသမားများက ဆယ်ယူရရှိခဲ့ကြောင်းနှင့် လူ ၉ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

လူ ၂၄ ဦးထက်မနည်း တင်ဆောင်ထားသော Genesis 2 ငါးဖမ်းသင်္ဘောသည် Banganga မြို့ရေပြင်တွင် လှိုင်းလေကြမ်းသော အခြေအနေနှင့် ရင်ဆိုင်ရပြီးနောက် ဒေသစံတော်ချိန် နံနက် တစ်နာရီခန့်က တစ်ဝက်တစ်ပျက် နစ်မြုပ်သွားခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။

အခင်းဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ငါးဖမ်းသင်္ဘောများကလည်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်း ဆောင်ရွက်ခဲ့ကာ သင်္ဘောသား ၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ကနဦးထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ကမ်းခြေစောင့်တပ်ဖွဲ့၏ အဆိုအရ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးများ ဆောင်ရွက်ရာတွင် ကူညီရန် အခင်းဖြစ်ပွားရာနေရာသို့ သင်္ဘောတစ်စင်း စေလွှတ်ထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
1 dead, 9 missing after fishing boat sinks in southern Philippines
MANILA, June 22 (Xinhua) — The Philippine Coast Guard said rescuers retrieved a body and were searching for nine people still missing after a fishing boat sank off Davao Oriental province in the southern Philippines early Thursday.
The coast guard said the boat, Genesis 2, which carried at least 24 people, “half submerged” at around 01:00 a.m. local time after encountering rough seas in the waters off Banganga town.
Fishing boats in the vicinity immediately conducted search and rescue operations and saved 14 crew, the coast guard said in an initial statement.
The coast guard said it has sent a vessel to the area to help in the ongoing search and rescue.
Photo: A ship from the Philippine Coast Guard tries to put out the fire of the burning M/V Lady Mary Joy 3 along the coast of Basilan Province, the Philippines, March 30, 2023. (Coast Guard Station Basilan/Handout via Xinhua)