Connect with us

China

ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်က တရုတ်နိုင်ငံရှိ ဒူးရင်းသီးသွင်းကုန်များကို ပိုမိုသက်သာစေ

ထိုင်းနိုင်ငံ ချန်သာဘူရီပြည်နယ်တွင် တရုတ်နိုင်ငံသို့တင်ပို့မည့် ဒူးရင်းသီးများကို ထရပ်ကားများပေါ် တင်နေသည့် အလုပ်သမားများအား ၂၀၂၁ ခုနှစ် မေလက တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
ဒူးရင်းသီးချစ်သူတစ်ဦးဖြစ်သော ကန်းလိလိသည် ဒူးရင်းသီးဈေးနှုန်းကို လျစ်လျူရှုလျက် အရသာရှိလှသော ထိုင်းဒူးရင်းသီးများကို မြိန်ယှက်စွာစားသုံးလျက်ရှိသည်။ ဒူးရင်းသီးဈေးနှုန်း သိသိသာသာကျဆင်းသွားခြင်းက ၎င်းကိုများစွာကျေနပ်နှစ်သိမ့်မှုဖြစ်စေသည်။

“ဧပြီလတုန်းက တစ်ကီလိုဂရမ် ဈေးနှုန်း ယွမ် ၁၀၀ နီးပါး (အမေရိကန်ဒေါ်လာ ၁၃.၈၇ ခန့်) ရှိခဲ့ရာကနေ ဇွန်လမှာတော့ တစ်ကီလိုဂရမ်ကို ယွမ် ၄၀ ကျော်ကျသွားတယ်။ ဒူးရင်းသီးဝယ်စားဖို့ စိတ်ပူစရာမလိုတော့ဘူး” ဟု တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ဒေသခံတစ်ဦးဖြစ်သော ကန်းက ဆိုသည်။

အရှေ့တောင်အာရှဒေသတွင် “သစ်သီးတို့၏ဘုရင်” ဟု လူသိများသော ဒူးရင်းသီးသည် အသားထူထူနှင့် ထူးခြားသောရနံ့ကြောင့် တရုတ်စားသုံးသူများအကြား ရေပန်းစားလာခဲ့သည်။
ယခုအခါ ဒူးရင်းသီးဈေးနှုန်းများ ကျဆင်းလာခြင်းက ဒူးရင်းသီးချစ်သူများကြား ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးလျက်ရှိသည်။ ယင်းသို့ပြောင်းလဲလာမှုများက အရှေ့တောင်အာရှနိုင်ငံများရှိ ဒူးရင်းသီး ခူးဆွတ်မှုများကို အထောက်အကူပြုလျက်ရှိသလို ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုက တရုတ်နိုင်ငံနှင့် ယင်းလမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများကြား နိုင်ငံတကာ ထောက်ပံ့သယ်ပို့ရေးလမ်းကြောင်းများ ထူထောင်မှုကို အဆင်ပြေချောမွေ့စေခဲ့သည်။

၎င်းလမ်းကြောင်းများက အရှေ့တောင်အာရှဒေသနှင့် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသများရှိ ဒူးရင်းသီးထုတ်လုပ်သော ဒေသများကြား ကုန်သွယ်ရေးကို သိသိသာသာ မြှင့်တင်ပေးခဲ့သလို သယ်ယူပို့ဆောင်ရေးကြာမြင့်ချိန်ကိုလည်း လျှော့ချပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်ပိုင်းရှိပြည်နယ်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်ကို ၂၀၁၇ ခုနှစ်တွင် ပူးတွဲကြေညာခဲ့ကာ ချုံချင့်မြို့သည် သယ်ယူပို့ဆောင်ရေး အချက်အချာဖြစ်လာခဲ့သည်။ အဆိုပါ စင်္ကြံသည် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်အောက်ရှိ အဓိကစီမံကိန်းများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………

(English Version)
Belt and Road Initiative makes imported durians more affordable in China
CHONGQING, June 28 (Xinhua) — Kang Lili, an avid durian lover, has been treating herself to delectable Thai durians lately, overlooking their price tags. Much to her delight, there has been a significant price drop.
“The price was nearly 100 yuan (about 13.87 U.S. dollars) per kg in April, and it dropped to 40-plus yuan per kg in June. I can enjoy the fruit without worrying about my wallet,” said Kang, a resident of southwest China’s Chongqing Municipality.
Known as the “king of fruits” in Southeast Asia, the durian has gained increasing popularity among Chinese consumers due to its rich texture and unique flavor. In 2017, western Chinese provinces and ASEAN member states jointly launched the New International Land-Sea Trade Corridor, with Chongqing as the transportation hub. The corridor is one of the major programs under the Belt and Road Initiative.
However, the price decline of durians is now poised to bring joy to a larger community of durian lovers. The changes can be attributed to the bountiful harvests of durians in Southeast Asian countries, as well as the Belt and Road cooperation, which has facilitated the establishment of international logistics channels between China and countries along the route.
These international logistics channels have significantly promoted trade and reduced transportation time between durian-producing regions in Southeast Asia and the inland areas of China.
Photo: Employees load durian to be exported to China onto trucks in Chanthaburi province, Thailand, in May 2021. [Photo/Xinhua]