Connect with us

China

CPC က ပေကျင်း၊ ဟဲပေ၊ ထျန်းကျင်းတွင် ရေကြီးရေလျှံမှု ကိုင်တွယ်ဖြေရှင်းရန် အမေရိကန်ဒေါ်လာ ၆ သန်းကျော် လျာထားသတ်မှတ်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ရေဘေးဒဏ်ခံစားရသော မန်ထိုကိုးခရိုင်ရှိ လမ်းမတစ်နေရာတွင် သန့်ရှင်းရေးလုပ်ဆောင်နေသူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အဖွဲ့အစည်းရေးရာဌာနက ပေကျင်းမြို့၊ ဟဲပေပြည်နယ်နှင့် ထျန်းကျင်းမြို့ စသည့်နေရာများ၌ ရေကြီးရေလျှံမှုထိန်းချုပ်ရေးနှင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်း၌ အထောက်အကူဖြစ်စေရန် ရန်ပုံငွေ ယွမ် ၄၄ သန်း (အမေရိကန်ဒေါ်လာ ၆.၁၇ သန်းခန့်) လျာထားသတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေများသည် CPCအဖွဲ့ဝင်များထံမှ စုဆောင်းထားသော ပါတီငွေကြေးများဖြစ်ပြီး CPC ဗဟိုကော်မတီကိုယ်စား ဌာနမှ ခွဲဝေစီမံပေးခြင်းဖြစ်သည်။

ပါတီအဖွဲ့အစည်းများအနေဖြင့် ရေကြီးရေလျှံမှုထိန်းချုပ်ရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်များ လုပ်ဆောင်ရေး၊ လူသေဆုံးမှုလျော့နည်းစေရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များအပြင် လူမှုရေးဆိုင်ရာ တည်ငြိမ်မှုရှိစေရေး စသည်တို့၌ အစွမ်းကုန်ဆောင်ရွက်ကြရန် ဌာနက တိုက်တွန်းထားသည်။

ထို့ပြင် ရေဘေးကာကွယ်ရေးအတွက် ရှေ့တန်းမှ ဆောင်ရွက်နေသူများနှင့် ရေကြီးရေလျှံမှုဒဏ် ဆိုးဝါးစွာ ခံစားနေရသူများ ထောက်ပံ့ပေးနိုင်ရန် ရန်ပုံငွေများကို အောက်ခြေအဆင့်အထိ သင့်တင့်လျောက်ပတ်စွာ ခွဲဝေသတ်မှတ်သွားမည်ဖြစ်ကြောင်း ဌာနက အလေးထားပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
CPC allocates over 6 mln USD to tackle floods in Beijing, Hebei, Tianjin

BEIJING, Aug. 2 (Xinhua) — The Organization Department of the Communist Party of China (CPC) Central Committee has allocated 44 million yuan (about 6.17 million U.S. dollars) in funds to assist with flood control and disaster relief work in Beijing, Hebei and Tianjin.
The funding comes from Party fees collected from CPC members and administered by the department on behalf of the CPC Central Committee.
The department has urged Party organizations to do their utmost in carrying out flood control and disaster relief measures, minimizing casualties, and ensuring the safety of people’s lives and property, as well as overall social stability.
The department also stressed that the fund should be promptly allocated to the primary level, so as to benefit those working on the frontline and those who are seriously suffering from the floods, among others.
Photo: Sanitation workers clean up a street in flood-hit Mentougou District of Beijing, capital of China, July 31, 2023. (Xinhua/Ju Huanzong)