Connect with us

Africa & Middle East

မော်ရိုကို ငလျင်ကြောင့် သေဆုံးသူအရေအတွက် ၂,၁၂၂ အထိ မြင့်တက်လာ

ော်ရိုကိုနိုင်ငံ Amizmiz ကျေးရွာရှိ ငလျင်ဗဟိုချက်နေရာအနီး ပျက်စီးနေသော အဆောက်အအုံများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

AMIZMIZ ၊ မော်ရိုကို၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ အလယ်ပိုင်းတွင် စက်တင်ဘာ ၈ ရက် ညပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် လူ ၂,၁၂၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂,၄၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

ပြိုကျလာသော ကျောက်တုံးကြီးများက လမ်းများကို ပိတ်ဆို့ထားသဖြင့် Atlas တောင်ထူထပ်သောဒေသရှိ ငလျင်ဒဏ် အဆိုးဝါးဆုံးခံစားခဲ့ရသော နေရာများသို့ ရောက်ရှိရန် ကြိုးပမ်းရုန်းကန်နေရကြောင်း မော်ရိုကို တပ်ဖွဲ့ဝင်များနှင့် အရေးပေါ်လုပ်ငန်းများက ပြောကြားခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၌ ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းတွက်ချက်မှုအရ ငလျင်ဒဏ်ကြောင့် ရှေးမြို့ဟောင်းနှင့် အနီးဝန်းကျင်ဒေသများရှိ ပြည်သူ ၃၀၀,၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရကြောင်း သိရသည်။
လူသေဆုံးမှုများမှာလည်း မြင့်တက်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းများမှာ စိန်ခေါ်မှု ကြီးမားလျက်ရှိပြီး အကူအညီများပေးနိုင်ရန် Atlas တောင်ထူထပ်သောဒေသ၏ ဝေးလံသောနေရာများသို့ စက်ယန္တရားကြီးများ ဝင်ရောက်ရေးမှာ အထူးဦးစားပေးဖြစ်နေကြောင်း မော်ရိုကိုလခြမ်းနီအဖွဲ့ (MRC) က မြေပြင်အခြေအနေကို ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် အပျက်အစီးများအောက်၌ ရှိနေသူများကို ဆွဲထုတ်နေရကြောင်း၊ MRC နှင့် ကယ်ဆယ်ရေးသမားများက အခြေအနေဆိုးဝါးသူများကို ခွဲခြားသိရှိနိုင်ရန်နှင့် ဦးစားပေးဆောင်ရွက်နိုင်ရန် အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်လျက်ရှိကြောင်း MRC က သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အဆိုပါ အင်အားပြင်းငလျင်သည် မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာ ၈ ရက် ဒေသစံတော်ချိန် ည ၁၁:၁၁ နာရီက မြေအောက်အနက် ၁၈.၅ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးလုပ်ငန်းအရ သိရသည်။ (Xinhua)

မော်ရိုကိုနိုင်ငံ Amizmiz ကျေးရွာရှိ ငလျင်ဗဟိုချက်နေရာအနီး ပျက်စီးနေသော အဆောက်အအုံများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ Amizmiz ကျေးရွာရှိ ငလျင်ဗဟိုချက်နေရာအနီး ပျက်စီးနေသော အဆောက်အအုံများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ Amizmiz ကျေးရွာရှိ ငလျင်ဗဟိုချက်နေရာအနီး ပျက်စီးနေသော အဆောက်အအုံများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ Amizmiz ကျေးရွာရှိ ငလျင်ဗဟိုချက်နေရာအနီး ပျက်စီးနေသော အဆောက်အအုံများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ Amizmiz ကျေးရွာရှိ ငလျင်ဗဟိုချက်နေရာအနီး ပျက်စီးနေသော အဆောက်အအုံများအနီး ဖြတ်သန်းသွားလာနေသူများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(English Version)
Death toll from Morocco earthquake rises to 2,122
AMIZMIZ, Morocco, Sept. 10 (Xinhua) — At least 2,122 people have been killed and 2,421 injured since a massive earthquake struck central Morocco on Friday night, according to the latest update from the Moroccan Interior Ministry on Sunday.
Moroccan troops and emergency services were reportedly struggling to reach the most affected areas in the Atlas Mountains region, as roads leading up there were blocked by fallen boulders, according to local media.
According to the World Health Organization estimates, the disaster has affected more than 300,000 people in the ancient old city and its outskirts.
The number of casualties is expected to rise. The Moroccan Red Crescent (MRC) has said the situation on the ground posed a vast challenge to search and rescue efforts, and “getting heavy machinery into those remote areas of the Atlas Mountains to help with that is a priority.”
As more people were being pulled out of the rubble, the MRC and other first responders were working around the clock to identify and prioritize the most severe cases, the MRC said in a statement.
The earthquake hit Morocco Friday at 11:11 p.m. local time (2211 GMT) at a depth of 18.5 km, according to the United States Geological Survey.
Photo 1-5: This photo shows a damaged building near the epicenter at Amizmiz Village in Morocco, Sept. 10, 2023. (Xinhua/Wang Dongzhen)
Photo 6: Residents pass by damaged buildings near the epicenter at Amizmiz Village in Morocco, Sept. 10, 2023. (Xinhua/Wang Dongzhen)