Connect with us

Europe

ရုရှားနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ နိုင်ငံတကာ သာတူညီမျှမှုနှင့် တရားမျှတမှုကို ထိန်းသိမ်းမည်ဟု ပူတင်ပြော

ရုရှားနိုင်ငံ စိန့်ပီတာစ်ဘာ့ခ်မြို့တွင် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် (ယာဘက် ဒုတိယ) နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိတို့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စိန့်ပီတာစ်ဘာ့ခ်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံအနေဖြင့် တစ်သီးပုဂ္ဂလကမ္ဘာ ဗိုလ်ကျစိုးမိုးမှုနှင့် အုပ်စုလိုက် ထိပ်တိုက်တွေ့ဆုံမှုကို ကြံ့ကြံ့ခံရပ်တည်ရေး တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်လိုကြောင်း သမ္မတ ဗလာတီမာပူတင်က စက်တင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့သည်။

ပူတင်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် စိန့်ပီတာစ်ဘာ့ခ်မြို့တွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ယခုနှစ် မတ်လအတွင်း ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ခရီးစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး၌ ခေတ်သစ်တစ်ခုလည်း ဖြစ်ကြောင်း ပူတင်က ပြောခဲ့သည်။ ထိုအချိန်မှစ၍ နှစ်နိုင်ငံကြား ရရှိခဲ့သော အရေးကြီး သဘောတူညီချက်များကိုလည်း ပုံမှန်အကောင်အထည်ဖော်လျက်ရှိပြီး စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုဆိုင်ရာဖလှယ်မှုများနှင့် အားကစား စသည့် နယ်ပယ်အသီးသီးတွင် ကောင်းမွန်သောရလဒ်များလည်း ရရှိနေပြီဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် အနောက်နိုင်ငံများမှ သတ်မှတ်ထားသော တစ်ဖက်သတ်ပိတ်ဆို့မှုများ၏ သက်ရောက်မှုကို ကျော်လွှားခဲ့ပြီဖြစ်ပြီး ယခုနှစ်အတွင်း နိုင်ငံ၏ စီးပွားရေးမှာလည်း ပြန်လည်ကောင်းမွန်လာကာ ပုံမှန်အတိုင်း ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံနှင့်အတူ စီမံကိန်းများ အားကောင်းလာရန်နှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းမှုရှိရန် အသင့်ရှိကြောင်း ပူတင်က ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက ၎င်း၏လက်ရှိခရီးစဉ်အတွင်း ရုရှား ဖက်ဒရေးရှင်းကောင်စီ အတွင်းရေးမှူး Nikolai Patrushev ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေ လက်ဗ်ရော့ဗ်တို့နှင့်အတူ နှစ်နိုင်ငံကြား နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘက်စုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော အရေးကြီးသဘောတူညီချက်များကို အခြေခံလမ်းညွှန်ချက်အဖြစ်ထားရှိကြောင်း၊ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုမြှင့်တင်ရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ တရုတ်နှင့် ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ပြည်သူ့ဆန္ဒနှင့် လူမှုရေးဆိုင်ရာ အခြေခံအုတ်မြစ် ပိုမိုခိုင်မာမှုရှိစေရန် အတူတကွ ဆောင်ရွက်သွားလိုကြောင်း ဝမ်က ဆိုသည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ယူကရိန်းအရေးနှင့်ပတ်သက်၍လည်း ရုရှားအနေဖြင့် ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုမှတစ်ဆင့် ဖြေရှင်းရန် ဆန္ဒသဘောထားကိုလည်း ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Russia to safeguard int’l fairness, justice with China, says Putin
ST. PETERSBURG, Sept. 20 (Xinhua) — Russian President Vladimir Putin on Wednesday said his country is willing to cooperate with China to resist unipolar hegemony and bloc confrontation, and safeguard international fairness and justice.
Putin made the remarks when meeting with Wang Yi, a member of the Political Bureau of the Communist Party of China Central Committee and director of the Office of the Central Commission for Foreign Affairs in St. Petersburg.
Putin said that Chinese President Xi Jinping’s visit to Russia in March this year marked a new era in the relationship between the two countries. Since then, important agreements reached between the two sides have been steadily implemented, resulting in positive outcomes in various fields such as economic and trade cooperation, cultural exchanges, and sports.
He said Russia has overcome the impact of unilateral sanctions imposed by Western countries and its economy has started to recover and function normally this year, adding that Russia is ready to strengthen planning and deepen practical cooperation with China.
Wang noted that during his current visit, he had comprehensive discussions with Nikolai Patrushev, secretary of Russia’s Security Council, and Foreign Minister Sergey Lavrov on cooperation in various fields between the two countries.
Wang said China is willing to work together with Russia, taking the important consensus reached by the heads of state of the two countries as the fundamental guideline, to enhance strategic mutual trust, deepen practical cooperation, and further consolidate the public opinion and social foundation of friendship between China and Russia.
The two sides also exchanged views on the current international and regional situation. On the Ukraine issue, Putin reiterated Russia’s willingness to resolve it through dialogue and negotiation.
Photo: Russian President Vladimir Putin (2nd R) meets with Wang Yi (2nd L), a member of the Political Bureau of the Communist Party of China Central Committee and director of the Office of the Central Commission for Foreign Affairs in St. Petersburg, Russia, Sept. 20, 2023. (Xinhua/Cao Yang)