Connect with us

Africa & Middle East

အီရတ်နိုင်ငံရှိ မင်္ဂလာခန်းမအတွင်း မီးလောင်မှုကြောင့် လူ ၁၀၀ ဦးထက်မနည်း သေဆုံး

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လယ်ရှိ မီးလောင်နေသောအဆောက်အအုံကို မီးငြှိမ်းသတ်နေသော ကယ်ဆယ်ရေးသမားတစ်ဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြောက်ပိုင်း Nineveh ပြည်နယ် al-Hamdaniya မြို့တွင် မင်္ဂလာခန်းမအတွင်း မီးလောင်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး အခြားသူ ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သတင်းထုတ်ပြန်ချက်များကို ကိုးကား၍ အီရတ် ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၇ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် စက်တင်ဘာ ၂၆ ရက် ညသန်းခေါင်ယံမတိုင်မီ ခန်းမအတွင်း မီးလောင်လွယ်သော ပစ္စည်းများကြောင့် ဖြစ်ပွားရခြင်းဖြစ်ခဲ့သည်ဟု အီရတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် Iraqi News Agency (INA) က သတင်းဖော်ပြထားသည်။

အဆောက်အအုံအတွင်းရှိ မီးရှူးမီးပန်းများကြောင့် ကြီးမားသောမီးလောင်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် မီးလောင်မှုများပြားခြင်းကြောင့် အဆောက်အအုံပြိုကျရခြင်းဖြစ်ကြောင်း ကနဦးသတင်းများ၌ ဖော်ပြထားပြီး ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း INA အရ သိရသည်။ (Xinhua)

………………………………
(English Version)
At least 100 killed in fire at wedding hall in Iraq
BAGHDAD, Sept. 27 (Xinhua) — More than 100 people were killed and more than 150 others injured in a wedding hall fire in the town of al-Hamdaniya in Iraq’s northern province of Nineveh, the Iraqi Ministry of Health said on Wednesday, quoting preliminary reports.
The Iraqi Civil Defense said that the incident occurred before midnight on Tuesday in the hall building, which was made of highly flammable construction materials, the official Iraqi News Agency (INA) reported.
Initial reports indicated that the fire broke out due to fireworks inside the building and that part of the building collapsed because of the huge fire, the INA said, adding that an investigation was launched into the incident.
Photo: People gather at the site where a fire broke out at a market in Dhaka, Bangladesh, on April 4, 2023. (Xinhua)