Connect with us

China

တရုတ်နိုင်ငံက ငလျင်ဒဏ်သင့်ဧရိယာများအတွက် ကယ်ဆယ်ရေးပစ္စည်းများ သတ်မှတ်ခွဲဝေပေး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်၊ လင်းရှဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ကျိရှီဆန်းခရိုင်၊ ပေါနန်-တုန်းရှန်-ဆာလား ကိုယ်ပိုင်အုပ်ချုပ်ခွင်ရခရိုင်၊ တာ့ဟဲကျေးရွာရှိ ယာယီငလျင်ရှောင်စခန်းတွင် ကယ်ဆယ်ရေးပစ္စည်းများ အောက်သို့ချနေသောကယ်ဆယ်ရေးသမားများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ငလျင်ဒဏ်ခံစားနေရသော ကန်းစုပြည်နယ်နှင့် ချင်းဟိုင်ပြည်နယ်အတွက် ကယ်ဆယ်ရေးပစ္စည်းများကို ထပ်မံသတ်မှတ်ခွဲဝေပေးခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက ဒီဇင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်၊ လင်းရှဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ကျိရှီဆန်းခရိုင်၊ ပေါနန်-တုန်းရှန်-ဆာလား ကိုယ်ပိုင်အုပ်ချုပ်ခွင်ရခရိုင်၊ တာ့ဟဲကျေးရွာရှိ ယာယီငလျင်ရှောင်စခန်းတွင် ဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်နေသည့် ကယ်ဆယ်ရေးသမားများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချည်ထည်ယာယီတဲများ၊ ခေါက်ကုတင်များ၊ ခြုံစောင်များနှင့် အပူပေးစက်များ စသဖြင့် ကယ်ဆယ်ရေးပစ္စည်း ၁၃၅,၅၀၀ ခန့်ကို ငလျင်ဒဏ်ခံစားနေရသူများ၏ အခြေခံလိုအပ်မှုများအား ပံ့ပိုးကူညီနိုင်ရန် ထိုပြည်နယ်နှစ်ခုသို့ ပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းများစွာကလည်း လတ်ဆတ်သော ဟင်းသီးဟင်းရွက် ၁၅၀,၀၀၀ ကီလိုဂရမ်၊ အသင့်စားအစားအစာ သေတ္တာ ၁၁,၃၀၀ ၊ ပေါင်မုန့်သေတ္တာ ၁၁,၀၀၀ နှင့် အပူပေးကိရိယာ ၁၄၃,၀၀၀ ခု အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများကို ငလျင်ဒဏ်သင့်သူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း ဝန်ကြီးဌာနက ဖော်ပြထားသည်။
ကန်းစုပြည်နယ်ရှိ ခရိုင်တစ်ခုတွင် ဒီဇင်ဘာ ၁၈ ရက် ည ၁၁:၅၉ နာရီက အင်အား ၆.၂ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအရေအတွက်မှာ ဒီဇင်ဘာ၂၀ ရက် နံနက်ပိုင်းအထိ ကန်းစုပြည်နယ်တွင် ၁၁၃ ဦးနှင့် ချင်းဟိုင်ပြည်နယ်တွင် ၁၈ ဦးရှိခဲ့ကာ လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China allocates more relief supplies to quake-hit areas
BEIJING, Dec. 20 (Xinhua) — More relief supplies have been allocated to the quake-hit Gansu and Qinghai provinces in northwest China, the Ministry of Emergency Management said Wednesday.
Some 135,500 relief items, such as cotton tents, rollaway beds, quilts, and heaters, have been sent to the two provinces to support the basic needs of those affected by the earthquake, according to the ministry.
Many enterprises have also donated relief items, including over 150,000 kg of fresh vegetables, 11,300 boxes of instant food, 11,000 boxes of bread, and 143,000 heating pads to the quake victims, the ministry said.
A 6.2-magnitude earthquake jolted a county in Gansu at 11:59 p.m. Monday. As of Wednesday morning, the death toll stood at 131 — 113 people in Gansu and 18 in neighboring Qinghai — with hundreds injured.
Photo 1: Rescuers unload relief materials at a temporary relocation site in Dahe Village of Bonan-Dongxiang-Salar Autonomous County of Jishishan, Linxia Hui Autonomous Prefecture, northwest China’s Gansu Province, Dec. 19, 2023.(Xinhua/Fang Xin)
Photo 2: Rescuers carry disaster relief materials at a temporary shelter in Dahe Village of Bonan-Dongxiang-Salar Autonomous County of Jishishan, northwest China’s Gansu Province, Dec. 19, 2023. (Xinhua/Fan Peishen)