Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် စင်ကာပူနိုင်ငံ သမ္မတတို့ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြှင့်တင်ရန် ကတိပြု

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် စင်ကာပူနိုင်ငံ သမ္မတ Tharman Shanmugaratnam တို့ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေး၌ သီးခြားတွေ့ဆုံမှုအတွင်း တွေ့ဆုံစဉ် (ဆင်ဟွာ)

ဒါဗို့စ်၊ ဆွစ်ဇာလန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် စင်ကာပူနိုင်ငံ သမ္မတ Tharman Shanmugaratnam တို့သည် ၂၀၂၄ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေး ကျင်းပစဉ် သီးခြားတွေ့ဆုံခဲ့ကြကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် အောင်မြင်မှုအသစ်များအတွက် တွန်းအားပေးဆောင်ရွက်ရန် ဇန်နဝါရီ ၁၆ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များကြား ရရှိထားသော အရေးကြီး သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ အဆင့်မြင့် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို ထိန်းသိမ်းရန်၊ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အားလုံး တိုးချဲ့ရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၌ အောင်မြင်မှုအသစ်များအတွက် တွန်းအားပေးရန် နယ်ပယ်စုံတွင် အတွေ့အကြုံမျှဝေမှု အဆင့်မြှင့်တင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီက ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံနှင့်အတူ နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်အား ထိရောက်စွာအဆင့်မြှင့်တင်ရာ၌ အပြည့်အဝပါဝင်ရန်၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင် တိုးတက်စေရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကွန်ရက်ချိတ်ဆက်မှု၊ ငွေကြေးနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အောင်မြင်မှုအသစ်များ ဖန်တီးရန် ဆန္ဒရှိကြောင်း လီက ထောက်ပြခဲ့သည်။

စင်ကာပူ-တရုတ် ဆက်ဆံရေးသည် အဆင့်သစ် မြှင့်တင်ခဲ့ပြီးဖြစ်ကြောင်း၊ စင်ကာပူအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အထူးအလေးထားကြောင်း၊ အသင့်ရှိကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးရာ၌ တရုတ်နိုင်ငံနှင့်အတူ နယ်ပယ်စုံတွင် ဆွေးနွေးမှုနှင့် ဆက်သွယ်မှု နက်ရှိုင်းမှုရှိစေရေး၊ ငွေကြေး၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်အသွင်ပြောင်းမှု စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးအတွက် ဆောင်ရွက်ရန်အသင့်ရှိကြောင်း စင်ကာပူနိုင်ငံ သမ္မတ Tharman Shanmugaratnam က ပြောခဲ့သည်။

ထို့ပြင် လီက ထိုင်ဝမ်အရေးဆိုင်ရာ တရုတ်နိုင်ငံ၏ အခြေခံရပ်တည်ချက်ကိုလည်း အသေးစိတ်ပြောကြားခဲ့သည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ စင်ကာပူနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အထူးအလေးထားကြောင်း၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ဆိုင်ရာ မှတ်ချက်များ သို့မဟုတ် ပြုမူဆောင်ရွက်မှုများအားလုံးကို အခိုင်အမာ ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ စင်ကာပူ၏ ရပ်တည်ချက်မှာ ပြောင်းလဲခြင်းမရှိကြောင်း Shanmugaratnam က ဆိုသည်။ (Xinhua)

………………………………
(English Version)
Chinese premier, Singaporean president vow to advance bilateral ties, cooperation
DAVOS, Switzerland, Jan. 16 (Xinhua) — Chinese Premier Li Qiang and Singaporean President Tharman Shanmugaratnam pledged here on Tuesday to push for new achievements in bilateral relations and cooperation while they met on the sidelines of the World Economic Forum Annual Meeting 2024.
The Chinese side, Li said, is ready to work with Singapore to implement the important consensus reached by the leaders of the two countries, maintain high-level strategic mutual trust, expand all-round mutually beneficial cooperation, and enhance experience-sharing in various fields to push for new achievements in bilateral relations and cooperation.
Li also pointed out that China is willing to join hands with Singapore to give full play to the effectiveness of upgrading the bilateral free trade agreement, promote the upgrading of bilateral cooperation, and create new cooperation achievements in trade and investment, connectivity, finance, and other fields.
Noting that Singapore-China relations have been elevated to a new stage, Shanmugaratnam said his country attaches great importance to bilateral relations, and is ready to deepen dialogue and communication with China in various fields, as well as strengthen cooperation in such sectors as finance, digital economy, and green transformation, so as to push for the continuous development of bilateral ties.
Li elaborated on China’s principled position on the Taiwan question.
In this regard, Shanmugaratnam said that Singapore sticks to the one-China principle and firmly opposes any remarks or acts for “Taiwan independence,” adding that Singapore’s position on the Taiwan question remains unchanged.
Photo: Chinese Premier Li Qiang meets with Singaporean President Tharman Shanmugaratnam on the sidelines of the World Economic Forum Annual Meeting 2024 in Davos, Switzerland, Jan. 16, 2024. (Xinhua/Ding Haitao)