Connect with us

Europe

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆစ်ဒနီလေဆိပ်မှ လေကြောင်းလိုင်း ၁၀၀ ကျော် ပယ်ဖျက်ရ

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဆစ်ဒနီလေဆိပ်ကိ ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆစ်ဒနီ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်၌ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် ဆစ်ဒနီလေဆိပ်မှ လေကြောင်းလိုင်း ၁၀၀ ကျော် ပယ်ဖျက်ခဲ့ရကြောင်းသိရသည်။

ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအထိ နိုင်ငံတကာလေကြောင်းလိုင်း ခြောက်ခုနှင့် ပြည်တွင်းလေကြောင်းလိုင်း ၁၀၉ ခုကို ပယ်ဖျက်ခဲ့ရကြောင်း၊ အဆိုပါအရေအတွက်မှာ နောက်နာရီအနည်းငယ်အတွင်း မြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်ကြန့်ကြာမှုများနှင့် ပယ်ဖျက်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း ဆစ်ဒနီလေဆိပ်မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဆစ်ဒနီ ပြည်နယ်အတွင်းတစ်ညလုံးနေရာအနှံ့ အဆိုးရွားဆုံး မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆိုးရွားသည့် ရာသီဥတုအခြေအနေကြောင့် ရထားလိုင်း ၁၁ လိုင်းကို ဆက်သွယ်ပေးသော သယ်ယူပို့ဆောင်ရေး ဗဟိုချက်တစ်ခုဖြစ်သည့် ရက်ဖန်းဘူတာရုံ၌ ပစ္စည်းကိရိယာများ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

အီလာဝါရာဒေသနှင့် ကုန်းတွင်းပိုင်း ဂရိတ်တားဆစ်ဒနီဒေသဝန်းကျင်တို့တွင် မိုးပိုများလာပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် အတူ အဆိုးရွားဆုံးရေကြီးမှုများဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း မိုးရေချိန်မှာ ၃၀၀ မီလီမီတာအထိရှိနိုင်ကြောင်း ဩစတြေးလျ မိုးလေဝသဌာန (ဘီအိုအမ်)က ခန့်မှန်းထားသည်။ (Xinhua)

…………………………………….
(English Version)
Over 100 flights cancelled at Sydney Airport amid heavy rainfall
SYDNEY, April 5 (Xinhua) — Over 100 flights were canceled at Sydney Airport as heavy rain continued to lash the Australian state of New South Wales (NSW).
As of 2:30 p.m. local time, six international flights and 109 domestic flights have already been canceled. The numbers are expected to rise in the next few hours .
A spokesperson from Sydney Airport confirmed to local media that the runways remain open despite the deluge, but travelers may brace for further delays as the day goes on.
“Due to storm activity, there have been some flight delays and cancellations,” said the spokesperson.
Intense and widespread rain fell in the state overnight, with Sydney experiencing the heaviest hit.

Severe weather conditions damaged equipment at Redfern Station, a transport hub connecting 11 train lines, which resulted in major service delays.
According to the forecast of the Australian Bureau of Meteorology (BOM), more rainfall is on its way, with the heaviest downpour likely to occur around the Illawarra escarpment and inland parts of the Greater Sydney region as well, where up to 300 mm is possible through the course of this entire rainfall event.
Photo taken on July 1, 2022, shows the Sydney Airport in Sydney, Australia. (Photo by Hu Jingchen/Xinhua)