Connect with us

Videos

ရုရှားနိုင်ငံ Belgorod မြို့၌ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ကလေးငယ် ၂ ဦးထက်မနည်း သေဆုံး

မော်စကို၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည့် Belgorod ၌ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ကလေးငယ် ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး Vyacheslav Gladkov က ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။“ယူကရိန်းစစ်တပ်က Belgorod မြို့လယ်ကို အမြှောက်နဲ့ပစ်ခတ်ခဲ့ပါတယ်။ကနဦးရထားတဲ့ အချက်အလက်တွေ အရ ကလေးငယ်နှစ်ဦး သေဆုံးပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ခိုက်မှုကြောင့် လူနေအဆောက်အအုံတွေလည်း ထိခိုက်ခဲ့ပါတယ်” ဟု ၎င်းက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ (Xinhua)
——————————–
At least two children killed in shelling attacks on Russia’s Belgorod
At least two children were killed during shelling attacks on the Russian border city of Belgorod, regional Governor Vyacheslav Gladkov said on Saturday.
“The Ukrainian Armed Forces shelled the center of Belgorod. According to preliminary information, two children were killed and several were injured. Residential settlements were also hit during the attacks,” he said on social media.
Xinhua News Agency correspondents reporting from Belgorod, Russia.(XHTV)