Connect with us

Politics, Law & Military

စစ်တွေမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၉,၄၈၈ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းမိ

စစ်တွေတွင် ဖမ်းဆီးရမိသော စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် တရားခံအားတွေ့ရစဉ်(ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် မတ်လ ၂၄ရက်နေ့ ညနေ ၄နာရီကျော်၌ ကျပ်သိန်းပေါင်း ၁၉,၄၈၈ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရေချမ်းပြင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်း မေယုဘုရင်ဇတ် ရေယာဉ်ပေါ်ရှိ မော်တော်ယာဉ်အားစစ်ဆေးရာ မော်တော်ယာဉ်ပေါ်၌ SCG ဘိလပ်မြေအိတ်များအတွင်းမှ ပလတ်စတစ်အကြည်ဖြင့်ထုတ်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၆၄၉,၆၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်ပေါ်ပါ တရားခံ(၃)ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။(Xinhua)