Connect with us

Politics, Law & Military

မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား ၇၈,၀၀၀ ပြား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မေ ၂၉ ရက်၌ စိတ်ကြွဆေးပြား ၇၈,၀၀၀ ပြားပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အိမ်ထောင်စုလူဦးရေရှောင်တခင် စစ်ဆေးစဉ် အိမ်ထောင်စု(၃၂၇)နေ မာမတ်အာယစ် (ခ)ဆူတီယာ(၄၉)နှစ်သည် စစ်ဆေးခံရန် ပျက်ကွက်နေသဖြင့် ၎င်းနေအိမ်နှင့် အနီးဝန်းကျင်အား စစ်ဆေးရာ နေအိမ်အနောက်ဘက် ကိုက် ၁၀၀ ခန့် အကွာ ဆူးခြုံအတွင်း၌ ပလပ်စတစ်အိတ်ဖြင့်ထည့်လျက် WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၇၈,၀၀၀ ပြားအား ပိုင်ရှင်(စိစစ်ဆဲ) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် စိတ်ကြွဆေးပြားများနှင့် ပတ်သက်ပြီး ငါးခူရနယ်မြေရဲစခန်းမယ (ပ)၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.