Connect with us

Politics, Law & Military

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်တွင် ကျပ် ၂၆ ဒသမ ၉ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးနှင့် လက်နက်၊ ခဲယမ်းများအား တွေ့ရစဉ်(တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့)

ရန်ကုန် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာ အနောက် မြောက်ဘက် မီတာ ၄,၀၀၀ ခန့်အကွာတွင် ငွေကျပ် ၂၆ ဒသမ ၉ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများအား ယနေ့ နံနက်ပိုင်းတွင် တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့သည်။ 

ရေပူစမ်းကျေးရွာအနီး၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၄ နာရီခွဲတွင် သတင်း အရ ရေပူစမ်းကျေးရွာ၏ အနောက်မြောက်ဘက်မီတာ ၄,၀၀၀ ခန့်အကွာရှိ ဝါးရုံပင် အနီးတွင် ရှာဖွေစစ်ဆေးခဲ့ရာ မသင်္ကာ ဖွယ်ရာ မိုးကာပလပ်စတစ် အိတ်အစအား တွေ့ရှိခဲ့ကြောင်း ၊ ၎င်းနောက် ဆက်လက်တူးဖော် ရှာဖွေခဲ့ရာ မြေကြီးအတွင်း မြှုပ်နှံထားသော ဆာလာအိတ် အလုံး ၆၀ အတွင်းမှ WY စာတန်းပါ စိတ်ကြွ ဆေးပြား ၆,၄၈၀,၀၀၀ ပြားခန့်၊ စိတ်ကြွ ဆေးပြားအကြေ( ရေစိုပုံစံပျက်) ၁,၁၄၈ ကီလိုဂရမ်ခန့် (မူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆ ဒသမ ၉ ဘီလီယံခန့်) ၊ AK မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခုနှင့် ၎င်းကျည် ၂၅ တောင့်၊ ပွိုင့်-၂၂ သေနတ် ၂ လက်၊ ၂ လုံးပြူး သေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ၁ လုံးထိုး သေနတ် ၂ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အဆိုပါသိမ်းဆည်းရမိသော လက်နက်၊ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.