Connect with us

Politics, Law & Military

လျှပ်စစ်ရထား ဒီဇင်ဘာလ တွင် စတင် ပြေးဆွဲနိုင်ရန်လျာထား ဟုဆို

မြန်မာနိုင်တွင် ပြေးဆွဲမည့် လျှပ်စစ်ရထားအားမြင်တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊အောက်တိုဘာ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ကမ်းနားလမ်း ၌ လျှပ်စစ်ရထား စတင်စမ်းသပ် ပြေးဆွဲရန် လုပ်ငန်းများ ပြီးစီးမှု မရှိသေးသည့် အတွက် မူလက အောက်တိုဘာလ တွင် ပြေးဆွဲရန် စီစဉ်ထားသော်လည်း ပြေးဆွဲနိုင်ဦးမည် မဟုတ်သဖြင့် ဒီဇင်ဘာလ အတွင်း ဖွင့်လှစ်နိုင်ရန် လျာထားကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်)မှ တာဝန်ရှိသူက ဆင်ဟွာ ကို ယနေ့ပြောကြားသည်။

၎င်းကပဲ “ လျှပ်စစ်ရထား ပြေးဆွဲနိုင်ဖို့တော့ ကျွန်တော်တို့ Phase တွေ အလိုက်ဆောင်ရွက်နေ ပါတယ်။ ဒီဇင်ဘာလ အတွင်းဖွင့် နိုင်ဖို့တော့ လျာထားပါတယ် ’’ ဟုပြောသည်။

ဆောင်ရွက်မှု Phase 1 အဖြစ် ဝါးတန်းလမ်း မှ ပန်းဆိုးတန်းလမ်း အထိ ပြေးဆွဲရန် စီစဉ်လျက် ရှိကြောင်း၊ Phase 2 အဖြစ် ပန်းဆိုးတန်းလမ်း မှ လင်းစဒေါင်း အထိ ဒီဇင်ဘာလ အတွင်း ဆက်လက် ဖွင့်လှစ်ရန် လျာထားပြီး စုစုပေါင်း ရထားလမ်း အရှည်မှာ ၃.၅ မိုင်ခန့် ရှိကြောင်း သိရသည်။

လျှပ်စစ်ရထား ပြေးဆွဲရာ တွင် YCDC၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ Asia World ကုမ္ပဏီတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)