Connect with us

Sport

အောင်မြင်မှု ရရှိရန် အစွမ်းကုန် ကြိုးစား လုပ်ဆောင်သွားမည်ဟု ONE Championship ၏ ကမ္ဘာ့ချန်ပီယံကို စိန်ခေါ်သူ အောင်လအာန်ဆိုင်း ကတိပေး

ONE:LIGHT OF A NATION ပြိုင်ပွဲ အတွက် အောင်လအာန်ဆိုင်း၏ အားကစား လေ့ကျင့်နေမှုများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ကျင်းပမည့် ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ ဖြစ်သည့် ONE:LIGHT OF A NATION ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရန် အစွမ်းကုန် ကြိုးစား လုပ်ဆောင်သွားမည်ဟု ONE Championship ၏ ကမ္ဘာ့ချန်ပီယံကို စိန်ခေါ်သူ အောင်လအာန်ဆိုင်းက ကတိပေး ပြောကြားခဲ့သည်။

“ရန်ကုန်က ကျွန်တော် ပရိသတ်တွေရဲ့ရှေ့မှာ အခုလို ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့ အတွက် အောင်မြင်မှု ရရှိရန် အစွမ်းကုန် ကြိုးပမ်း လုပ်ဆောင် သွားမည်ဟု ကတိပေးပါတယ်။အခု ပြိုင်ပွဲဟာ အပြင်းထန်ဆုံး တိုက်ပွဲ တစ်ခု ဖြစ်လာပြီး ထိုညတွင် အောင်မြင်မှုများနှင့် ပိုတော်တဲ့သူ တစ်ဦး ထွက်ပေါ်လာမှာပါ။”ဟု ONE Championship ၏ ကမ္ဘာ့ချန်ပီယံကို စိန်ခေါ်သူ မြန်မာ့စပါးအုံး(ခ)အောင်လအာန်ဆိုင်းက ပြောကြားခဲ့သည်။

ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တစ်ဦး ဖြစ်သူ ဗစ်တာလီ ဘစ်ဒက်ချ် နှင့် မြန်မာ့စပါးအုံး(ခ)အောင်လအာန်ဆိုင်း တို့အား တွေ့ရစဉ်(ဆင်ဟွာ)

ONE Championship ၏ ကမ္ဘာ့ချန်ပီယံကို စိန်ခေါ်သူ အောင်လအာန်ဆိုင်းက သတင်းမီဒီယာများအား ပြောကြားနေစဉ်(ဆင်ဟွာ)

ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တစ်ဦး ဖြစ်သူ ဗစ်တာလီ ဘစ်ဒက်ချ်က သတင်းမီဒီယာများအား ပြောကြားနေစဉ်(ဆင်ဟွာ)

ကမ္ဘာ့ချန်ပီယံကို စိန်ခေါ်သူ အောင်လအာန်ဆိုင်းက ယခုယှဉ်ပြိုင်မည့် ပွဲအတွက် လက်သီးဖြင့် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကြောင်း ယနေ့ ဇွန် ၂၇ ရက်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တစ်ဦး ဖြစ်သူ ဗစ်တာလီ ဘစ်ဒက်ချ်က “ယခု ပြုလုပ်မည့် ပွဲတွင် အောင်လအာန်ဆိုင်း၏ အကောင်းဆုံး တိုက်ကွက်များကို ရင်ဆိုင်ရန် ပြင်ဆင်နေပါတယ်။ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်၏ ခါးပတ်ကို ပုခုံးပေါ် တင်၍ ကျွန်တော့်အိမ်ကို အောင်မြင်မှုများနှင့် ပြန်မည်။”ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ဇွန် ၃၀ ရက်တွင် ကျင်းပမည့် ONE:LIGHT OF A NATION ပြိုင်ပွဲတွင် MMA မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲစဉ် အဖြစ် အောင်လအာန်ဆိုင်း နှင့် ဗစ်တာလီ ဘစ်ဒက်ချ် တို့သည် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.