Connect with us

Politics

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားလက်ခံတွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် သြဂုတ်လ ၁၉ ရက်နေ့တွင် DiaoYuTai နိုင်ငံတော် ဧည့်ရိပ်သာ ၌ မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား လက်ခံတွေ့ဆုံ ခဲ့သည်။

တွေ့ဆုံပွဲတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ တရုတ် နိုင်ငံ သို့ လာရောက် လည်ပတ်ခြင်းအား ကြိုဆိုကြောင်း ပြောကြားပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရှေ့အစဉ်အလာ လမ်းကြောင်း အတိုင်း လျှောက်လှမ်းကာ တရုတ်-မြန်မာ ချစ်ကြည်ဆက်ဆံရေး လုပ်ငန်းအပေါ် တွန်းအားပေး ဆောင်ရွက်သည့် အတွက် ချီးမွမ်းကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် အတူတကွ ရိုးရာအစဉ်အလာ ကို တိုးတက်ပြန့်ပွားစေပြီး သမိုင်းကြောင်း အမွေအနှစ် တို့ကို တိုးချဲ့ကာ တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေပူးပေါင်း ဆက်ဆံရေး ကို အဆက်မပြတ် တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက် သွားလိုကြောင်း ၊ နှစ်နိုင်ငံ ပြည်သူလူထု ကို ပိုမို လက်တွေ့ကျသည့် အကျိုးကျေးဇူးများ ရရှိအောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ ပြည်သူလူထု မှ ထာဝရ အိမ်နီးချင်းကောင်း ၊ ညီအကိုကောင်း ၊ သူငယ်ချင်းကောင်း ၊ မိတ်ဆွေကောင်း ဖြစ်တည် စေလိုကြောင်း အထူး ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်း ကော်မတီဥက္ကဋ္ဌကျန်းတယ်ကျန်း နှင့် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လက်ခံတွေ့ဆုံစဉ်(ဆင်ဟွာ)

ရှီကျင့်ဖိန် က တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေးသည် နက်ရှိုင်းသည့် သမိုင်းကြောင်း အစဉ်အလာရှိခဲ့ပြီး တည်တံ့ခိုင်မြဲ ခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် တောတောင်ရေမြေချင်း ထိစပ်နေပြီး အပြန်အလှန် မှီခိုအားထားသည့် နီးကပ်သော ဆက်ဆံရေး ရှိကြောင်း ၊ နှစ်နိုင်ငံ ပြည်သူလူထု အကြား စိတ်သဘောထားချင်း ချိတ်ဆက်မှုများရှိကြပြီး အနီးကပ် ကူးလူးဆက်ဆံရေး များရှိခဲ့ကြောင်း ၊ အခက်အခဲကြုံတွေ့ချိန်တွင် အပြန်အလှန် မှီခိုကြပြီး နှစ်နိုင်ငံ၏ ရည်မှန်းချက် တို့သည်လည်း အလွန်နီးစပ်ကြောင်း ၊ ကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှု များဆောင်ရွက်ပြီး မိမိတို့၏ အားသာချက် များဖြင့် အပြန်အလှန် ဖြည့်စွက်ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ၏ မိတ်ဆွေ အိမ်နီးချင်းကောင်း အနေဖြင့် တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံက မိမိ နိုင်ငံ အခြေအနေ နှင့် ကိုက်ညီသော တိုးတက်ရေး လမ်းစဉ် လျှောက်လှမ်းသည် ကို ဆက်လက် ထောက်ခံ အားပေး သွားမည် ဖြစ်ကြောင်း ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မွမ်းမံတည်ဆောက်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး ဆောင်ရွက်ကာ သင့်မြတ်သော လူမှုဘဝ ကို ထိန်းသိမ်း သွားရမည် ဖြစ်ကြောင်း ၊ အခြေအနေသစ်များအောက်တွင် တရုတ်-မြန်မာ ဆက်ဆံရေး တိုးတက်ဖွံ့ဖြိုး စေရန် နိုင်ငံရေး ဦးဆောင်မှု များကို တိုးမြှင့် သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် အစိုးရ အရာရှိပိုင်း အပြန်အလှန် ဆက်သွယ်မှု ကို ထိန်းသိမ်းကာ ကဏ္ဍအသီးသီး အပြန်အလှန် တွေ့ဆုံ ဆက်ဆံရေး များဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှု တိုးမြှင့် နိုင်ရန် ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ မှ ဖော်ဆောင်သည့် ခေတ်သစ် ပိုးလမ်းမကြီး (Belt and Road Initiative) ကို ထောက်ခံအားပေး ခဲ့သည့် အတွက် ချီးမွမ်းကြောင်း ၊ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက် နိုင်သည့် စီမံကိန်း များအား တွန်းအားပေး ဆောင်ရွက်ကာ လက်ရှိ ပူးပေါင်း ဆောင်ရွက်သည့် စီမံကိန်းကြီး များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၊ စွမ်းအင် နှင့် ငွေကြေးဆိုင်ရာ စသည့် အရေးကြီး ကဏ္ဍ များတွင်လည်း တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ပြီး နှစ်နိုင်ငံ လုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များ ပိုမို ကောင်းမွန်သည့် ရလဒ် များရရှိရန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ချစ်ကြည်ဆက်ဆံရေး တိုးပွားအောင် ကိုလည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် ရှီကျင့်ဖိန် က တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု များဆောင်ရွက်ရာတွင် ပြည်သူလူထု ကို ပိုမို အကျိုး ဖြစ်ထွန်းစေမည့် စိုက်ပျိုးရေး ၊ ရေအရင်းအမြစ် ၊ ပညာရေး ၊ ကျန်းမာရေး စသည့် ကဏ္ဍများကို ပိုမို ဦးတည် ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် ယဉ်ကျေးမှု ပိုင်းဆိုင်ရာ ၊ သတင်းမီဒီယာ ပိုင်းဆိုင်ရာ ၊ ဗုဒ္ဓဘာသာ ပိုင်းဆိုင်ရာ ဖလှယ်မှု များတိုးချဲ့ဆောင်ရွက်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု ချစ်ကြည်ဆက်ဆံရေး အခြေခံကို လက်တွေ့အကောင်အထည် ဖော်လိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် အပြုသဘော ဆောင်သည့် အခန်းကဏ္ဍတွင် ဆက်လက် ပါဝင်သွားလိုပြီး နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အေးချမ်းရေး အတွက် အတူတကွ ကြိုးစား အားထုတ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ-တရုတ် နှစ်နိုင်ငံ သည် မိတ်ဆွေ အိမ်နီးချင်း နိုင်ငံ များဖြစ်ကြပြီး နှစ်နိုင်ငံ ပြည်သူလူထု တို့အကြား ချစ်ကြည်ရေးကို တန်ဖိုးထားကာ နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး တည်ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် လူမှုဘဝ တည်ဆောက်ရေး တို့တွင် ထောက်ခံ အားပေး ခဲ့သည် ကို ကျေးဇူးတင်ကြောင်း ၊ တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ စိုက်ပျိုးရေး ၊ ကျန်းမာရေး နှင့် ပညာရေး စသည့် ကဏ္ဍများတွင် တန်ဖိုးရှိသော ကူညီထောက်ပံ့မှု ထောက်ပံ့ ခဲ့သည်ကို အထူး ကျေးဇူးတင်ရှိကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ အစိုးရ အရာရှိပိုင်း အနီးကပ် ဆက်ဆံရေးများ ပြုလုပ်ပြီး ပြည်သူလူထု အကြား ချစ်ကြည်ရေး တိုးမြှင့်ကာ ကဏ္ဍစုံ အပြန်အလှန် အကျိုးပြု ပူးပေါင်းဆောင်ရွက်မှု များ ဆောင်ရွက် သွားလိုကြောင်း ၊ တရုတ် နိုင်ငံ နှင့် အတူတကွ နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေးကို မွမ်းမံ ထိန်းသိမ်း သွားမည်ဖြစ်ပြီး အိမ်နီးချင်း နိုင်ငံ နှင့် ချစ်ကြည်ဆက်ဆံရေး ကို ထိခိုက်စေသည့် မည်သည့် အကြောင်းအရာ ဖြစ်ပေါ်လာသည်ကိုမှ လက်ခံ နိုင်မည် မဟုတ်ကြောင်း ၊ မြန်မာ နိုင်ငံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ တို့သည် နှစ်နိုင်ငံ ပြည်သူလူထု ကို ကိုယ်စားပြုသည့် အာဏာရ ပါတီ များဖြစ်ကြပြီး နှစ်ပါတီ ဆက်ဆံရေး ကိုလည်း တိုးမြှင့်သွားရန် ထောက်ခံကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မတွေ့ဆုံမီ သြဂုတ်လ ၁၉ ရက် မနက်ပိုင်းတွင် တရုတ် နိုင်ငံ အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ ကျန်းတယ်ကျန်း ( Zhang Dejiang) နှင့် တွေ့ဆုံ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.