Connect with us

North America

အမေရိကန် နိုင်ငံ တွင် ဆင်းရဲချမ်းသာ ကွာဟမှု ဆက်လက်ကြီးမားလာကြောင်း “၂၀၁၉ ခုနှစ် အမေရိကန် နိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာ” အရ သိရှိရ

အမေရိကန် နိုင်ငံ ရှိ အိမ်ခြေမဲ့သူ များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး ၏ မတ်လ ၁၃ ရက် တွင် ထုတ်ပြန်ကြေညာ ခဲ့သော “၂၀၁၉ ခုနှစ် အမေရိကန် နိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာ” အရ အမေရိကန် နိုင်ငံ ပြည်သူလူထု ၏ ဝင်ငွေ ခွဲတမ်း ခြားနားမှု က ဆက်လက် ကြီးမား လာပြီး အမေရိကန် နိုင်ငံ အောက်ခြေပြည်သူလူထု တို့ ၏ လူနေမှု ဘဝ မှာ လွန်စွာ ခက်ခဲနေကြောင်း သိရှိခဲ့ရသည်။

အစီရင်ခံစာ အရ အမေရိကန် နိုင်ငံ သည် အနောက်တိုင်း နိုင်ငံများ အနက် ဆင်းရဲချမ်းသာ ကွာဟမှု အဆိုးရွားဆုံး အခြေအနေ တွင် ရှိနေသည့် နိုင်ငံ ဖြစ်ကြောင်း ၊ ၂၀၁၈ ခုနှစ် တွင် အမေရိကန် နိုင်ငံ ၏ Gini coefficient က ဝ.၄၈၅ အထိ ရောက်ရှိလာခဲ့ပြီး ဆင်းရဲချမ်းသာ ကွာဟမှု က နှစ်ပေါင်း ၅၀ အတွင်း အကြီးမားဆုံး အခြေအနေ သို့ ရောက်ရှိလာကြောင်း ၊ အမေရိကန် နိုင်ငံ ရှိ အချမ်းသာဆုံးသော ၁၀ ရာခိုင်နှုန်းသော မိသားစု တို့ ၏ စုစုပေါင်း ပိုင်ဆိုင်မှု က အမေရိကန် နိုင်ငံ ရှိ မိသားစုပေါင်း အားလုံး ပိုင်ဆိုင်မှု ၏ ၇၅ ရာခိုင်နှုန်း အထိ ရှိကြောင်း ၊ ၁၉၈၉ ခုနှစ် မှ ၂၀၁၈ ခုနှစ် အမေရိကန် အောက်ခြေ လူတန်းစား မိသားစု များ ၏ ပိုင်ဆိုင်မှု တိုးတက်မှုနှုန်း မှာ အခြေခံအား ဖြင့် သုည ရာခိုင်နှုန်းသာ ရှိကြောင်း သိရှိခဲ့ရသည်။

အမေရိကန် နိုင်ငံ ရှိ အိမ်ခြေမဲ့သူ များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ ရှိ အိမ်ခြေမဲ့သူ များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ သည် ကမ္ဘာပေါ်တွင် လူပေါင်း သန်းနှင့်ချီ၍ အငတ်ဘေးအခြေအနေ တွင် ရှိ နေသည့် တစ်ခုတည်းသော ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ သန်းခေါင်စာရင်းဌာန ၏ ၂၀၁၈ ခုနှစ် စာရင်းပြုစုချက် အရ အမေရိကန် နိုင်ငံ တွင် လူပေါင်း ၃၉.၇ သန်း က ဆင်းရဲနွမ်းပါးသူ များ ဖြစ်ကြပြီး လူပေါင်း ၅ သိန်း က အိမ်ခြေမဲ့ဖြစ်သောကြောင့် နေ့စဉ် အိမ်ပြန်စရာမရှိကြောင်း နှင့် လူပေါင်း ၆၅ သန်း က အမေရိကန် နိုင်ငံ ၏ ကြီးမားသည့် ဆေးဝါးကုသမှု နှုန်းထားကြောင့် ဆေးဝါး ကုသမှု အား လက်လျှော့ခဲ့ရကြောင်း အစီရင်ခံစာ အရ သိရှိရသည်။

ထို့ပြင် အစီရင်ခံစာ ၌ အမေရိကန် နိုင်ငံ တွင် မူးယစ်ဆေးဝါး သုံးစွဲမှု က တစ်နေ့တစ်ခြား အခြေအနေ ပိုမို ဆိုးရွားလာပြီး အမေရိကန် အစိုးရ ၏ ဘတ်ဂျက်ထောက်ပံ့မှု လျှော့ချ ခဲ့ခြင်းကြောင့် တက္ကသိုလ် များ စီးပွားရေး ဖိအား က တစ်နေ့တစ်ခြား ပိုမိုမြင့်တင်လာ ခဲ့ပြီး အမေရိကန် နိုင်ငံ ၏ လူမှုစီးပွား အခွင့်အရေး များက အခြေခံ အာမခံချက် မရှိသည် ကို ပေါ်လွင်စေခဲ့ကြောင်း ပါဝင် ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.