ကွာလာလမ်ပူ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ Perak ပြည်နယ်၌ ပြုလုပ်သည့် လေကြောင်းပြပွဲ လေ့ကျင့်မှုတစ်ခုအတွင်း စစ်ရဟတ်ယာဉ်နှစ်စင်း တိုက်မိပြီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါသော လူ ၁၀ ဦးလုံး သေဆုံးခဲ့ကြောင်း မလေးရှားစစ်တပ်က ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) …………………………….....
မနီလာ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံလေတပ် (PAF)မှ ရဟတ်ယာဉ်တစ်စင်းသည် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Bohol ပြည်နယ်၊ Getafe မြို့ ရှိ ရေပြင်ထဲသို့ ဧပြီ ၂၇ ရက်နံနက်ပိုင်းတွင် ပျက်ကျခဲ့ရာ လေယာဉ်မှူးတစ်ဦးသေဆုံးပြီး၊ လေယာဉ်ဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်တပ်ဘက်မှဆိုသည်။
ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) မိတ္ထီလာ တပ်နယ်၊ လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ်မှ Bell-206 အမျိုးအစား ရဟတ်ယာဉ် အမှတ် ၀၁၂၅ သည် ယနေ့နံနက် လေ့ကျင့် ပျံသန်းမှု ဆောင်ရွက်စဉ် စက်ချို့ယွင်းမှုကြောင့် မိတ္ထီလာမြို့ မုန်တိုင်ဆည်အတွင်း ထိုးဆင်း ပျက်ကျခဲ့ကြောင်း တပ်မတော်...