Connect with us

Media

ရေဘေးဒဏ်သင့် လစ်ဗျားနိုင်ငံသို့ တရုတ်နိုင်ငံ၏ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိလာ

ထရီပိုလီ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရေဘေးဒဏ်ခံစားနေရသော လစ်ဗျားနိုင်ငံအတွက် တန်ချိန် ၉၀ ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီများ သယ်ဆောင်လာသော တရုတ် ကုန်တင်လေယာဉ်သည် လစ်ဗျားနိုင်ငံ အရှေ့ပိုင်း Benghazi မြို့သို့ စက်တင်ဘာ ၂၄ ရက်က ဆိုက်ရောက်လာခဲ့သည်။

ရှေးဦးသူနာပြုပစ္စည်းများ၊ ရေသန့်စင်စက်များ၊ ရွက်ဖျင်တဲများ၊ စောင်များ၊ အယ်လ်ထရာဆောင်း ရောဂါရှာဖွေရေးစနစ်များ၊ အသက်ကယ်အင်္ကျီများနှင့် အခြား ကယ်ဆယ်ရေးပစ္စည်းများကို Benina နိုင်ငံတကာလေဆိပ်တွင် လစ်ဗျား လခြမ်းနီအသင်း အထွေထွေအတွင်းရေးမှူး Omar Abu-Dabous ၊ လစ်ဗျားနှင့် တရုတ် အဆင့်မြင့်သံတမန်များ၏ ရှေ့မှောက် ကုန်ပစ္စည်းများချခဲ့ကြောင်း သိရသည်။
မြေထဲပင်လယ်မုန်တိုင်း Daniel သည် စက်တင်ဘာ ၁၀ ရက်က လစ်ဗျားနိုင်ငံအား ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုဖြစ်ပေါ်စေခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့သလို ဒေသတွင်း၏ အခြေခံအဆောက်အအုံ၊ အထူးသဖြင့် ရေပေးဝေမှုနှင့် စွန့်ပစ်အညစ်အကြေး အဆောက်အအုံများ အမြောက်အမြား ပျက်စီးစေခဲ့သည်။

ထို့ပြင် ရေများ ညစ်ညမ်းမှုကြောင့် လူပေါင်းများစွာ အထူးသဖြင့် ကလေးများကို အဆိပ်အတောက်ဖြစ်စေခဲ့ပြီး ရေဘေးဒဏ်သင့်နေရာများ၌ သန့်ရှင်းရေရရှိရန် အကန့်အသတ်ဖြစ်နေကြောင်း လစ်ဗျား တာဝန်ရှိသူများက ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် လစ်ဗျားနိုင်ငံ တာဝန်ရှိသူများနှင့်အတူ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း၌ ပံ့ပိုးမှုများ ပိုမိုပံ့ပိုးပေးနိုင်ရေးအတွက် ဆက်သွယ်မှုနှင့် ညှိနှိုင်းမှု ထိန်းသိမ်းဆောင်ရွက်ရန် အသင့်ရှိကြောင်း လစ်ဗျားနိုင်ငံဆိုင်ရာ တရုတ်သံရုံးယာယီတာဝန်ခံ လျိုကျန့်က ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
China’s urgent relief supplies arrive in floods-hit Libya
Carrying 90 tons of emergency humanitarian aid to floods-hit Libya, a Chinese cargo plane arrived Sunday at the eastern Libyan city of Benghazi.
First aid kits, water purifiers, tents, blankets, ultrasound diagnostic systems, life jackets, and other relief materials were unloaded at the Benina International Airport, in the presence of Omar Abu-Dabous, the secretary-general of the Libyan Red Crescent, as well as senior Libyan and Chinese diplomats.
On Sept. 10, Mediterranean storm Daniel triggered Libya’s worst floods in decades, resulting in the death of thousands and widespread damage to the region’s infrastructure, especially water supply and sewage infrastructure.
Water contamination has led to the poisoning of dozens of people, mainly children, in floods-hit areas where access to clean water was limited, according to Libyan authorities.
Witnessing the handover at the airport, Chinese Charge d’Affaires to Libya Liu Jian said it is hoped that Chinese aid would assist Libya in overcoming the effects of the disaster and getting the affected areas back to normal.
China remains ready to keep communicating and coordinating with the Libyan authorities to provide more support for Libya in its rescue and relief operation and reconstruction work, Chinese Charge d’Affaires to Libya Liu Jiannoted.
Xinhua News Agency correspondents reporting from Tripoli.