Connect with us

Media

အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေဆိပ်ပိတ် ၊ သေဆုံးသူအရေအတွက် ၅ ဦးထိ မြင့်တက်

နယူးဒေလီ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း ချန်နိုင်းမြို့၌ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိကျောင်း မဝင်ရောက်မီ ဒီဇင်ဘာ ၄ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် သေဆုံးသူအရေအတွက် ၅ ဦးထိ မြင့်တက်လာခဲ့ကြောင်း ၊ ယင်းဆိုင်ကလုန်းမုန်တိုင်းသည် လာမည့် ၁၅ နာရီအတွင်း ဝင်ရောက်ဖွယ်ရှိကြောင်း သက်ဆိုင်ရာသတင်းရင်းမြစ်များက အတည်ပြုခဲ့သည်။

ချန်နိုင်းနိုင်ငံတကာလေဆိပ်သည် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဒီဇင်ဘာ ၅ ရက် ၉ နာရီထိ ပိတ်ထားသလို ရေဖုံးလွှမ်းသောနေရာများတွင် လေယာဉ်များ ရပ်နားထားသည်ကို ရုပ်သံထုတ်လွှင့်မှုများ၌ ဖော်ပြထားသည်။ (Xinhua)

……………………………
(English Version)
Death toll rises to 5, airport shut as rains play havoc in south India
The death toll in India’s southern city of Chennai rose to five amid heavy rains and gusty winds on Monday ahead of severe cyclonic storm Michaung, which is likely to make landfall in the next 15 hours, confirmed official sources.
According to them, the Chennai international airport was shut till 09:00 hours on Tuesday even as the airport was flooded with knee-deep waters. TV reports showed airplanes parked in flooding waters.
Xinhua News Agency correspondents reporting from New Delhi.(XHTV)