Connect with us

China

တရုတ်နိုင်ငံက ကမ္ဘာ့ရုပ်ရှင်လုပ်ငန်း ပြန်လည်ဦးမော့လာရေးကို ဦးဆောင်နေ

"The Battle at Lake Changjin" ရုပ်ရှင်ပိုစတာကို တွေ့ရစဉ် (ရုပ်ရှင်)

ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရုပ်ရှင်လုပ်ငန်း ပြန်လည်ဦးမော့လာစေရန် ဦးဆောင်ကာ ကမ္ဘာ့ ရုပ်ရှင်ဈေးကွက်၏ ချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

“Chinese Doctors”ပိုစတာကို တွေ့ရစဉ် (ရုပ်ရှင်)

နောက်ဆုံးအချက်အလက်များအရ တရုတ်နိုင်ငံရုပ်ရှင်၏ မြင့်မားသော ရုပ်ရှင်လက်မှတ်ရောင်းအားကြောင့် ၂၀၂၁ ခုနှစ်တွင် တရုတ်ပြည်တွင်းရုပ်ရှင်များ၏ စုစုပေါင်း ရုပ်ရှင်လက်မှတ်ရောင်းအားသည် ယွမ် ၄၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၃၇ ဘီလီယံ) ခန့်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် မြောက်အမေရိက ရုပ်ရှင်စျေးကွက်၏ ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံသာရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်က တရုတ်ပြည်တွင်း ရုပ်ရှင်လက်မှတ်ရောင်းအား ယွမ်ဘီလီယံ ၂၀ ခန့် နှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်၏ ရုပ်ရှင်လက်မှတ်ရောင်းအားသည် ကြီးမားသော တိုးတက်မှုရရှိခဲ့ပြီး ကမ္ဘာ့ရုပ်ရှင်ဈေးကွက် ပြန်လည်နာလန်ထူလာမှုကို ဦးဆောင်နေကြောင်းနှင့် ကိုဗစ်ကပ်ရောဂါ အခြေအနေအောက်တွင် ကမ္ဘာလုံးဆိုင်ရာရုပ်ရှင်လုပ်ငန်းရှင်များ၏ ယုံကြည်မှု တိုးလာနိုင်သည်မှာသေချာကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံစျေးကွက်တွင် အရည်အသွေးမြင့် ဇာတ်ဝင်ခန်းရုပ်ရှင်များ ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး လေ့လာသုံးသပ်သူများခေါ်ဝေါ်သော “ပင်မရေစီးကြောင်းအသစ်” ရုပ်ရှင်များ ဖြစ်လာခဲ့သည်။ ထိုရုပ်ရှင်များက ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်များဖြစ်လာခဲ့သည်။

စက်တင်ဘာလ ၃၀ ရက်တွင် ရုံတင်ပြသသော”The Battle at Lake Changjin” စစ်ပွဲရုပ်ရှင်၏ လက်မှတ်ရောင်းရငွေ တရုတ်ယွမ် ၅.၇ ဘီလီယံကျော် ရှိပြီး တရုတ်နိုင်ငံတွင် ဝင်ငွေရရှိမှုတွင် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း နှင့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်များထဲမှ တစ်ကားဖြစ်လာခဲ့သည်။

အဆိုပါရုပ်ရှင်ကို နာမည်ကြီး ဒါရိုက်တာ Chen Kaige ၊ Tsui Hark နဲ့ Lin Chaoxian တို့ ပူးတွဲရိုက်ကူးထားကြောင်း၊ Changjin Lake တိုက်ပွဲတွင် မြောက်ကိုးရီးယားကို ကူညီသည့် တရုတ်တပ်သားများက အမေရိကန်စစ်တပ်ကို သတ္တိပြောင်မြောက်စွာ တိုက်ခိုက်ကာ တိုင်းပြည်ကို ကာကွယ်သည့် ဇာတ်လမ်းဖြစ်ကြောင်း သိရသည်။

China Film Association ၏ ဒုတိယဥက္ကဋ္ဌနှင့် Tsinghua တက္ကသိုလ်မှ ပါမောက္ခ Yin Hong က အဆိုပါရုပ်ရှင်၏အောင်မြင်မှုသည် တရုတ်နိုင်ငံ၏ ရုပ်ရှင်စက်မှုအသွင်ပြောင်းအောင်မြင်မှုရလဒ်များကို ပေါ်လွင်စေသည်ဟု ချီးကျူးပြောဆိုခဲ့သည်။

၂၀၂၁ ခုနှစ် တစ်နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်ထူးချွန်သော “ပင်မရေစီးကြောင်းအသစ်” ရုပ်ရှင်များတွင် “My Country, My Parent “, “Chinese Doctor”, “1921”, “The Pioneer” စသည်တို့လည်း ပါဝင်ကြောင်း သိရသည်။

အနာဂတ်တွင် “ပင်မရေစီးကြောင်းအသစ်” ရုပ်ရှင်များသည် ပရိသတ်လိုအပ်ချက်များနှင့် စျေးကွက်အပြောင်းအလဲများကို ကိုင်တွယ်ရန် အထူးသဖြင့် ရုပ်ရှင်ပရိသတ်များ မရိုးအောင် ဆန်းသစ်တီထွင်မှု ဖိအားများနှင့်ရင်ဆိုင်ရမည်ဟု Yin Hong က ယူဆသည်။

၂၀၂၁ ခုနှစ်တွင် တရုတ်ပြည်တွင်းရုပ်ရှင်များသည် တရုတ်နိုင်ငံ၏ ရုပ်ရှင်လက်မှတ်ရောင်းအား အများစုကို ပံ့ပိုးပေးခဲ့ကြောင်း၊ နှစ်စဉ် ရုပ်ရှင်လက်မှတ်ရောင်းအားထိပ်တန်းရုပ်ရှင် ၁၀ ကားတွင် ၈ ကားသည် တရုတ်ပြည်တွင်းရုပ်ရှင်များဖြစ်ကြောင်း၊ ၎င်းတို့အနက် ထိပ်တန်းရုပ်ရှင် ၃ ကားသည်လည်း တရုတ်ပြည်တွင်းရုပ်ရှင်များ ဖြစ်ပြီး စုစုပေါင်း ရုပ်ရှင်လက်မှတ် ရောင်းအားဝင်ငွေသည် ယွမ် ၁၅.၇ ဘီလီယံဖြင့် တရုတ်နိုင်ငံရှိ နှစ်စဉ် ရုပ်ရှင်ဝင်ငွေ၏ သုံးပုံတစ်ပုံရှိကြောင်းသိရသည်။ အမေရိကန်ရုပ်ရှင် “Fast and Furious 9” နှင့် “Godzilla vs. Kong” တို့သည် နံပါတ် ၅ နှင့် ၈ နေရာတွင် ရပ်တည်နေပြီး ရုပ်ရှင်လက်မှတ်ရောင်းအားဝင်ငွေသည် ယွမ် ၁.၃၉ ဘီလီယံနှင့် ယွမ် ၁.၂၃ ဘီလီယံ အသီးသီးရှိကြောင်း သိရသည်။

“အကျဉ်းချုပ်ပြောရင် ပြည်တွင်းရုပ်ရှင်တွေရဲ့ အရည်အသွေး တိုးတက်လာတာနဲ့အမျှ ပရိတ်သတ်များအကြား ဟောလိဝုဒ်ရုပ်ရှင်တွေရဲ့ လိုအပ်ချက်က အားနည်းလာပါတယ်” ဟု Yin Hong မှ ပြောကြားခဲ့သည်။

တရုတ်ရုပ်ရှင်ဈေးကွက်က အသေးစားနှင့် အလတ်စားမြို့များအထိ တဖြည်းဖြည်း ချဲ့ထွင်လာသည်နှင့်အမျှ ဟောလိဝုဒ်ရုပ်ရှင်များ၏ စျေးကွက်မှာလည်း အားနည်းလာသည်ဟု ကျွမ်းကျင်သူများက ထောက်ပြသည်။

တရုတ်ရုပ်ရှင်ဝေဖန်ရေးအသင်းဥက္ကဋ္ဌ Rao Shuguang က အမေရိကန်ရုပ်ရှင်ဖန်တီးမှုပုံစံသည် အသွင်တူဖန်တီးမှုကြောင့် တရုတ်ပရိသတ်များ၏လိုအပ်ချက်ကို ဖြည့်ဆည်းရန် ပိုမိုခက်ခဲလာကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာ အခင်းအကျင်း၏ ဆင့်ကဲဖြစ်စဉ်တွင် တရုတ်ပရိသတ်များ၏ ကြည့်ရှုရွေးချယ်မှု အပြောင်းအလဲများသည် တရုတ်နိုင်ငံရှိ ဟောလိဝုဒ်ရုပ်ရှင်များ၏ လွှမ်းမိုးမှု အားနည်းသွားရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် တရုတ်ရုပ်ရှင်ဈေးကွက်၏ အားလပ်ရက် ရုပ်ရှင်လက်မှတ်ရောင်းအားသည် ကောင်းမွန်သော အခြေအနေတွင် ရှိခဲ့ပြီး တရုတ်နှစ်သစ်ပွဲတော်၊ တရုတ်အမျိုးသားနေ့၏ ရုပ်ရှင်လက်မှတ်ရောင်းအားသည် စံချိန်တင် မြင့်မားခဲ့သည်။ တရုတ်နှစ်သစ်တွင် ရုပ်ရှင်လက်မှတ်ရောင်းအားသည် ယွမ် ၇.၈ ဘီလီယံရှိပြီး ၂၀၁၉ ခုနှစ် ကာလတူထက် ၃၂ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဤကာလအတွင်း ပြသခဲ့သည့် ထူးချွန်သော ဟာသရုပ်ရှင် “Hi, Mom” သည် စုစုပေါင်း ရုပ်ရှင်လက်မှတ်ရောင်းအား ယွမ် ၅.၄ ဘီလီယံရှိပြီး တရုတ်ရုပ်ရှင်လက်မှတ်ရောင်းရမှုဝင်ငွေ တတိယအများဆုံးရုပ်ရှင် ဖြစ်လာခဲ့သည်။

အားလပ်ရက်အပြင် အခြားသတင်းပတ်များတွင် ရုပ်ရှင်လက်မှတ်ရောင်းအား ဝင်ငွေသည် ကပ်ရောဂါမဖြစ်ပွားမီ အထွတ်အထိပ် အနေအထားသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးကြောင်း၊ ၂၀၁၉ ခုနှစ် သုံးလတာနွေရာသီအားလပ်ရက်တွင် ရုပ်ရှင်လက်မှတ်ရောင်းအား ဝင်ငွေသည် ယွမ် ၁၈ သန်းရှိပြီး ၂၀၂၁ ခုနှစ် ကာလတူ၌ ရုပ်ရှင်လက်မှတ်ရောင်းအား ဝင်ငွေမှာမူ ၇.၄ ဘီလီယံသာရရှိခဲ့ကြောင်း သိရသည်။

၁၄ ကြိမ်မြောက် “ငါးနှစ်စီမံကိန်း” ၏ တရုတ်ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွင် တရုတ်ရုပ်ရှင်များသည် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုအဆင့်သို့ ကူးပြောင်းနေကြောင်း ထောက်ပြထားပြီး သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များနှင့် ထူးချွန်သော ကာတွန်းရုပ်ရှင်များ ဖန်တီးထုတ်လုပ်ခြင်းတို့ကို ပံ့ပိုးကူညီရန် အလေးပေးထားကြောင်း၊ မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၌ ယင်းရုပ်ရှင်ကဏ္ဍနှစ်ခုတွင် ဖန်တီးမှု သည် သိသိသာသာ တိုးတက်အောင်မြင်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ရုံတင်ခဲ့သော သိပ္ပံရုပ်ရှင် “The Wandering Earth” ၏ မြင့်မားသော ရောင်းအားသည် တရုတ်ပရိသတ်များ၏ သိပ္ပံစိတ်ကူးရုပ်ရှင်များအပေါ် စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးခဲ့ပြီး ၎င်း၏နောက်ဆက်တွဲရုပ်ရှင်ဖြစ်သော “The Wandering Earth 2” ကိုလည်း ပရိတ်သတ်များက ကြည့်ရှုရန် စိတ်အားထက်သန်စွာ မျှော်လင့်နေကြောင်း သိရသည်။

“Nezha:Birth of the Demon Child”, “Legend of Deification”, “White Snake”, “White Snake 2: The Tribulation of Green Snake” အပါအဝင် တရုတ်ယဉ်ကျေးမှုပါဝင်သော ထူးချွန် ကာတွန်းရုပ်ရှင်ကားများလည်း ဆက်တိုက် ရုံတင်ပြသနိုင်ခဲ့သည်။

တရုတ်ကာတွန်းသည် ဟောလိဝုဒ် သို့မဟုတ် ဂျပန်ကာတွန်းကို စံနမူနာပုံစံကို ချိုးဖျက်ပြီး ၎င်း၏ကိုယ်ပိုင်ပုံစံကို တဖြည်းဖြည်း ပုံဖော်နေကြောင်း၊ တရုတ်ယဉ်ကျေးမှုပါဝင်သော ကာတွန်းရှင်းရုပ်ရှင်များ အနာဂတ်တွင် ကြီးမားသောအောင်မြင်မှုများရရှိမည်ဖြစ်ပြီး၊ တရုတ်ရုပ်ရှင်များ ကမ္ဘာတစ်ဝှမ်းသို့ဝင်ရောက်ရန်အတွက် အောင်မြင်မှုတစ်ခုဖြစ်လာနိုင်သည်ဟု Yin Hong က ထောက်ပြသည်။ (Xinhua)

———————————–
(Chinese Version)
中国引领全球电影业复苏步伐
2021-12-31 23:35:00 分类: 文化娱乐
图片轮播
新华社北京12月31日电题:中国引领全球电影业复苏步伐
新华社记者张云龙、李悦、华洪立
2021年,中国继续引领全球电影业复苏步伐,蝉联全球票房市场冠军。
最新数据显示,在国产大片高票房推动下,中国内地2021年度电影票房总额约470亿元人民币(约合73.7亿美元),而北美市场年度票房总额仅44亿美元。
相较于2020年中国内地约200亿元的票房,2021年度巨大的票房增长意味着电影市场进一步复苏。在新冠疫情背景下,这无疑向全球电影业人士传递了信心。
《长津湖》官方海报
过去一年,中国市场上优质主旋律电影不断涌现,成为分析人士所称之的“新主流”电影。它们传递中国社会的主流价值观,取得骄人的票房成绩。
9月30日上映、累计票房逾57亿元的战争影片《长津湖》是中国内地市场迄今票房最高的影片,也成为2021年全球最卖座的影片之一。
这部电影由陈凯歌、徐克和林超贤三位著名导演共同执导,讲述参加抗美援朝战争的志愿军战士在长津湖战役中不畏严寒、保家卫国的故事,让无数影迷感动落泪。
中国电影家协会副主席、清华大学教授尹鸿称赞该片的成功验证了中国电影工业化的成果。
一年来,中国表现突出的新主流电影还包括《我和我的父辈》《中国医生》《1921》《革命者》等。
展望未来,尹鸿认为新主流电影也面临新的创新压力,包括如何应对观众需求和市场的变化,尤其是观众可能会出现的审美疲劳等。
《中国医生》官方海报
2021年,国产影片贡献了中国内地电影票房的大部分收入,年度票房前10名中有8部是国产电影。前三甲均为国产片,合计票房157亿元,占中国内地年度票房的三分之一。美国电影《速度与激情9》和《哥斯拉大战金刚》位列第五和第八,票房分别为13.9亿元和12.3亿元。
“总的来说,随着国产电影质量的提高,观众对好莱坞电影的需求在减弱。”尹鸿说。
专家指出,随着中国电影市场逐渐向中小城市扩展,在此受众基础薄弱的好莱坞电影的市场份额占比也因此下降。
中国电影评论学会会长饶曙光表示,美国电影创作的模式化和同质化使其越来越难以满足中国观众的需求。在国际格局深刻演变的背景下,中国受众观影选择的变化也是好莱坞电影在中国影响力减弱的原因之一。
2021年中国电影市场节假日票房表现出色,春节档、国庆档票房均创历史新高。春节档票房78亿元,比2019年同档期增长32%。在该档期以黑马姿态出现的喜剧电影《你好,李焕英》总票房为54亿元,成为中国影史票房第三高的影片。
然而,在节假日之外的其他放映周,票房收入并未恢复到疫情前的峰值水平。长达3个月的暑期档仅获74亿元,而2019年同档期票房接近180亿元。
分析人士认为,中国电影市场的节假日消费现象和电影之间、档期之间票房不均衡现象突出,高品质电影的市场供给有待加强。
“十四五”中国电影发展规划指出,中国电影已转向高质量发展阶段,并强调扶持科幻电影和优秀动画电影创作生产。近年来,中国这两个类型的电影创作都取得明显进步。
2019年科幻电影《流浪地球》的大卖很大程度激发了中国观众对于科幻电影的热情,其续集《流浪地球2》备受期待。
蕴含中国文化的动画电影佳作频现,包括《哪吒之魔童降世》《姜子牙》《白蛇:缘起》《白蛇2:青蛇劫起》等。
尹鸿指出,中国动画正打破一味学习好莱坞或日本动画的窠臼,逐渐形成自己的风格。“动画电影在传播中国文化方面,未来会有较大突破,或许会成为中国电影走向世界的一个突破口。”