Connect with us

International Organizations

ချာနိုဘိုင်း နျူကလီးယားဓါတ်အားပေးစက်ရုံ ဓါတ်အားပြန်လည်ထုတ်လွှတ်ပေးနေပြီဟု ရုရှားမီဒီယာများက ဆို၊ ယူကရိန်း-ရုရှား နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှု တိုးတက်မှုမရှိဖြစ်နေ

တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğlu ၏ပါဝင်မှုဖြင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ၊ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba တို့ တူရကီနိုင်ငံ အန်တယ်လ်ရာမြို့တွင် မတ် ၁၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ- Turkish Foreign Ministry/Handout via Xinhua)

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)

လက်ရှိ ရုရှားစစ်တပ်ထိန်းချုပ်ထားသည့် ချာနိုဘိုင်း နျူကလီးယားဓါတ်အားပေးစက်ရုံသည် ဘီလာရုဇ် လျှပ်စစ်အင်ဂျင်နီယာများ၏ အကူအညီဖြင့် ဓါတ်အားပြန်လည် ထုတ်လွှတ်ပေးနေပြီဖြစ်ကြောင်း ရုရှားစွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Yevgeny Grabchak က မတ် ၁၀ ရက်တွင် ရုရှားမီဒီယာများအား ပြောကြားခဲ့သည်။ယူကရိန်း-ရုရှား အပစ်ခတ်ရပ်စဲရေး တိုးတက်မှုမရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က မတ် ၁၀ ရက် တူရကီနိုင်ငံ အန်တယ်လ်ရာတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။ ရုရှားအနေဖြင့် ယူကရိန်းနှင့်တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားလိုကြောင်း Sergey Lavrov က ပြောကြားခဲ့သည်။

တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğlu ၏ပါဝင်မှုဖြင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ၊ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba တို့ တူရကီနိုင်ငံ အန်တယ်လ်ရာမြို့တွင် မတ် ၁၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ- Turkish Foreign Ministry/Handout via Xinhua)

___ ရုရှားဈေးကွက်မှ နုတ်ထွက်သည့် နိုင်ငံခြားကုမ္ပဏီလုပ်ငန်းများကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ရန် ထောက်ခံကြောင်း၊ ၎င်းတို့၏ ရုရှားရှိ ပိုင်ဆိုင်မှုများကို ‘ပြင်ပစီမံခန့်ခွဲမှု’ သို့ ထည့်သွင်းသွားမည်ဖြစ်ပြီး ရုရှားပံ့ပိုးသည့် ပြည်တွင်းလုပ်ငန်းရှင်များ ဆုံးရှုံးနစ်နာမှုမရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ပူတင်က ရုရှားဈေးကွက်တွင် ဆက်လက်တည်ရှိနေမည့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်များကို ယုံကြည်အားထားရလောက်သည့် ကာကွယ်စောင့်ရှောက်မှု ပေးမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ Irpin မြို့မှ ဘေးလွတ်ရာသို့ ထွက်ခွာသွားကြသူများအား မတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

___ ပြင်သစ်သမ္မတ မက်ခရွန်နှင် ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့က မတ် ၁၀ ရက်တွင် ပူတင်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြထားသည်။ ပြင်သစ်၊ ဂျာမနီခေါင်းဆောင်များက ရုရှားကို ချက်ချင်း အပစ်ခတ်ရပ်စဲရန် တိုက်တွန်းခဲ့ပြီး ယူကရိန်းအကျပ်အတည်းကို ရုရှား-ယူကရိန်း ဆွေးနွေးမှုဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သုံးနိုင်ငံ ခေါင်းဆောင်များက လာမည့် ရက်များတွင် နီးကပ်သည့် ဆက်သွယ်မှုထားရှိရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

___ ချာနိုဘိုင်း နျူကလီးယား ဓါတ်အားပေးစက်ရုံသည် ဘီလာရုဇ် လျှပ်စစ်အင်ဂျင်နီယာများ၏ အကူအညီဖြင့် ဓါတ်အားပြန်လည် ထုတ်လွှတ်ပေးနေပြီဖြစ်ကြောင်း ရုရှားစွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Yevgeny Grabchak က မတ် ၁၀ ရက်တွင် ရုရှားမီဒီယာများအား ပြောကြားခဲ့သည်။

ဘီလာရုဇ်နိုင်ငံ Mazyr မြို့မှ ချာနိုဘိုင်း နျူးကလီးယား ဓါတ်အားပေးစက်ရုံသို့ ဆက်သွယ်ထားသည့် ဓါတ်အားလိုင်း အသုံးပြုနိုင်ပြီဟု ဆိုသည်။ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA) ညွှန်ကြားရေးမှူးချုပ် Rafael Mariano Grossi ကမူ ချာနိုဘိုင်း နျူကလီးယားဓါတ်အားပေးစက်ရုံ ဓါတ်အားပြန်လည်ထုတ်လွှတ်ပေးနေပြီလားဆိုသည်မှာ လတ်တလော အတည်မပြုနိုင်သေးကြောင်း မတ် ၁၀ ရက် ညပိုင်း ဗီယင်နာသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ IAEA နှင့် ချာနိုဘိုင်း နျူကလီးယား ဓါတ်အားပေးစက်ရုံအကြား ဆက်သွယ်ရေးလိုင်းများ ပြတ်တောင်းပြတ်တောင်း ဖြစ်နေကြောင်း ဆိုသည်။ ယင်းနေ့ နံနက်အစောပိုင်းတွင် ယူကရိန်း စွမ်းအင်ကုမ္ပဏီက ဖျက်ဆီးခံလိုက်ရသည့် ချာနိုဘိုင်း နျူးကလီးယားစက်ရုံ ဓါတ်အားလိုင်းကို ယူကရိန်းက ပြုပြင်နိုင်ခဲ့ပြီး ထို့အတွက်လည်း အသင့်ပြင်ထားပြီးဖြစ်ရာ ဘီလာရုဇ်၏အကူအညီ မလိုအပ်ကြောင်း ပြောကြားခဲ့သည်။

___ ယူကရိန်း-ရုရှား အပစ်ခတ်ရပ်စဲရေးမှာ တိုးတက်မှုမရှိခဲ့ကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က မတ် ၁၀ ရက် တူရကီနိုင်ငံ အန်တယ်လ်ရာတွင် ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။ ယူကရိန်းဘက်က ရုရှားနှင့်ဆက်လက်ဆွေးနွေးရန် ပြင်ဆင်ထားကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ ရုရှားအနေဖြင့် ယူကရိန်းနှင့်တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားလိုကြောင်း Sergey Lavrov က ပြောကြားခဲ့သည်။ တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğlu ၏ ပါဝင်မှုဖြင့် Dmytro Kuleba နှင့် Sergey Lavrov တို့သည် ယင်းနေ့က တူရကီနိုင်ငံ တောင်ပိုင်း အန်တယ်လ်ရာမြို့ပြင်ရှိ Belek မြို့နယ်လေးတွင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ တူရကီအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခစေ့စပ်ညှိနှိုင်းသူအဖြစ် ဆက်လက်ဆောင်ရွက်သွားလိုကြောင်းနှင့် ရုရှား-ယူကရိန်း တွေ့ဆုံမှုကို ကြီးမှူးကျင်းပသွားလိုကြောင်း Çavuşoğlu က ပြောကြားခဲ့သည်။ ယခုတွေ့ဆုံမှုသည် ဖေဖော်ဝါရီ ၂၄ ရက် ရုရှား အထူးစစ်ဆင်ရေးလှုပ်ရှားမှုနောက်ပိုင်း ရုရှား-ယူကရိန်း နှစ်နိုင်ငံ၏ အဆင့်မြင့်ဆုံး တွေ့ဆုံဆွေးနွေးမှုဖြစ်သည်။

___ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၏ မတ် ၁၀ ရက် ထုတ်ပြန်သည့် သတင်းများအရ ရုရှားဘက်မှ အထူးစစ်ဆင်ရေးလှုပ်ရှားမှုစတင်ပြီးနောက်ပိုင်း ရုရှားစစ်တပ် ဖျက်ဆီးခဲ့သည့် ယူကရိန်း စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံ ပစ်မှတ် ၂,၉၉၈ ခု ရှိကြောင်း သိရသည်။ ယူကရိန်း၏ဆုံးရှုံးမှုများတွင် လေယာဉ် ၉၈ စီး၊ မောင်းသူမဲ့ဒရုန်းယာဉ် ၁၁၀ စီး၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် ၁၄၄ စုံ၊ ရေဒါ စခန်း ၈၈ ခု၊ တင့်ကားနှင့်အခြား သံချပ်ကာယာဉ် ၁,၀၀၇ စီး ၊ ဘဇူကာဒုံးလောင်ချာ ၁၀၉ လက်၊ အမြောက်နှင့်စိန်ပြောင်း ၃၇၄ ခု ၊ အထူးစစ်ယာဉ် ၇၉၃ စီး ရှိကြောင်း ဆိုသည်။ ယူကရိန်းစစ်တပ်က မတ် ၁၀ ရက်တွင် ယူကရိန်း အရှေ့မြောက်ပိုင်းနှင့်ဘီလာရုဇ်ထိစပ်နေသည့် Chernihiv ပြည်နယ်တွင် ရုရှားစစ်တပ် ‘Iskander’ ဒုံးကျည်တပ်ရင်းတစ်ခုကို ဖြိုခွင်းခဲ့ကြောင်း ယူကရိန်း ကြည်းတပ်က ယင်းနေ့ လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြထားသည်။

___ ရုရှားအစိုးရက ၂၀၂၂ ခုနှစ် နှစ်ကုန်မတိုင်မီ တားမြစ်ပို့ကုန်ပစ္စည်းစာရင်းရှင်းတမ်းကို အတည်ပြုပြီးဖြစ်ရာ ရုရှားက ပြည်ပမှ တင်သွင်းသောထုတ်ကုန်ပစ္စည်း ၂၀၀ ကျော်ပါဝင်ကြောင်း ရုရှားအစိုးရ ပြန်ကြားရေးဌာနက မတ် ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ တားမြစ်စာရင်းရှင်းတမ်းတွင် ဆက်သွယ်ရေးပစ္စည်း၊ ဆေးဘက်ဆိုင်ရာပစ္စည်း၊ မော်တော်ယာဉ်၊ လယ်ယာစက်ပစ္စည်း စသည်တို့ပါဝင်ပြီး အသေးစိတ်အားဖြင့် ရထားတွဲနှင့်ရထားခေါင်း၊ ကွန်တိန်နာ၊ တာဘိုင်၊ သတ္တုနှင့် ကျောက်သားအချောကိုင်စက်ပစ္စည်း၊ မော်နီတာ၊ ပရိုဂျက်တာ၊ စက်ခလုတ်ခုံများနှင့် Control Panels စသည်တို့ ပါဝင်ရာ “သက်ဆိုင်ရာ ဆောင်ရွက်ချက်များသည် ရုရှားဈေးကွက်တည်ငြိမ်းရေး လုပ်ဆောင်ရမည့်နည်းလမ်းများ” ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ရုရှားအစိုးရက ချစ်ကြည်ရင်းနှီးမှုမရှိသော နိုင်ငံနှင့်ဒေသများသို့ တင်ပို့သော သစ်သားနှင့် သစ်ထုတ်ကုန်ပစ္စည်းအချို့ကို ယာယီကန့်သတ်လိုက်သည်။

__ ရုရှားသည် ဥရောပကော်မရှင်တွင် ထပ်မံပါဝင်မည် မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဥရောပကော်မရှင်က ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ ရုရှားကို ဥရောပကောင်စီ ဝန်ကြီးများကော်မတီနှင့် ပါလီမန်ကိုယ်စားလှယ်အခွင့်အာဏာကို ယာယီ ရပ်တန့်ရန် ဆုံးဖြတ်လိုက်ကြောင်း ယင်းနေ့တွင် ကြေညာခဲ့သည်။ ဥရောပကော်မရှင်သည် ဥရောပတိုက်တစ်ခုလုံးပါဝင်သည့် အဖွဲ့အစည်း ဖြစ်ပြီး ရုရှားက ယင်းအဖွဲ့သို့ ၁၉၉၆ ခုနှစ်တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

___ ယူကရိန်းရှိ ရုရှားဖက်ဒရေးရှင်းနှင့် ၎င်း၏နိုင်ငံသားများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူမည့် ဥပဒေအမိန့်တစ်ရပ်ကို ယူကရိန်းသမ္မတ ဇယ်လန်းစကီးက လက်မှတ်ထိုးလိုက်ကြောင်းနှင့် ထို့အတွက်မည်သည့် လျော်ကြေးမျှပေးမည်မဟုတ်ကြောင်း ယူကရိန်း အမြင့်ဆုံး လွှတ်တော်က မတ် ၁၀ ရက်တွင် ၎င်း၏ဝက်ဘ်ဆိုက်၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

___ ယူကရိန်းနိုင်ငံက မတ် ၉ ရက်တွင် ပဋိပက္ခဖြစ်ပွားရာဒေသမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးသူ အရပ်သား ၄ သောင်းကျော် ရှိကြောင်း၊ မတ် ၁၀ ရက်တွင် မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့်တောင်ပိုင်း စသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံများမှ ပိတ်မိနေသည့် လူထုများကို ဘေးလွတ်ရာသို့ ဆက်လက်ရွှေ့ပြောင်းပေးခဲ့ကြောင်း Interfax သတင်းဌာနက မတ် ၁၀ ရက်တွင် ယူကရိန်း ဒုတိယဝန်ကြီးချုပ် ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

___ ကာတာနိုင်ငံ အကြီးအကဲ Sheikh Tamim bin Hamad Al-Thani သည် မတ် ၁၀ ရက်က မြို့တော် ဒိုဟာတွင် ယူကရိန်းသမ္မတ အထူးသံတမန် နှင့် တွေ့ဆုံပြီး ယူကရိန်း-ရုရှား ပဋိပက္ခ ချုပ်ငြိမ်းရေး အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြသည်။ ထိုမတိုင်မီ မတ် ၉ ရက်က Sheikh Tamim သည် ဇယ်လန်းစကီးနှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။

___ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အမှုဆောင်ဘုတ်အဖွဲ့က ယူကရိန်းသို့ အရေးပေါ်ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ပံ့ပိုးပေးရန် မတ် ၉ ရက်တွင် ခွင့်ပြုခဲ့သည်။ (Xinhua)

——————————-
(Chinese Version)

(乌克兰局势)最新动态:俄媒说切尔诺贝利核电站恢复供电 乌俄外长会晤未取得进展
2022-03-11 06:08:33 分类: 政治法律
新华社北京3月11日电综合新华社驻外记者报道:俄罗斯能源部副部长格拉布恰克10日对俄媒体表示,目前由俄罗斯武装部队控制的切尔诺贝利核电站已在白俄罗斯电力工程师的帮助下恢复电力供应。乌克兰外长库列巴10日在土耳其安塔利亚与俄罗斯外长拉夫罗夫会晤后说,乌俄双方在停火问题上未能取得进展。拉夫罗夫表示,俄愿意与乌继续保持对话。
——俄罗斯总统普京10日表示,支持对撤离俄市场的外国企业采取果断行动,对其在俄资产引入“外部管理”,避免对俄本土供应商造成损失。普京同时强调,对继续留在俄市场的外国投资者和合作伙伴给予可靠保护。
——据法国媒体报道,法国总统马克龙和德国总理朔尔茨10日与普京通话。法德领导人敦促俄罗斯立刻停火,并表示,必须通过俄乌之间的谈判解决乌克兰危机。三国领导人还表示,将在未来几天保持密切联系。
——俄罗斯能源部副部长格拉布恰克10日对俄媒体表示,切尔诺贝利核电站已在白俄罗斯电力工程师的帮助下恢复电力供应。由白俄罗斯莫济里至切尔诺贝利核电站的供电线路已经通电。国际原子能机构总干事格罗西10日晚在维也纳召开的新闻发布会上表示,暂时无法确认切尔诺贝利核电站是否已恢复供电。国际原子能机构与切尔诺贝利核电站之间的通信信号时断时续。乌克兰能源公司同日早些时候说,乌方有能力修复切尔诺贝利核电站被毁供电线路,维修人员已经做好一切准备,不需要白俄罗斯方面的帮助。
——乌克兰外长库列巴10日在土耳其安塔利亚与俄罗斯外长拉夫罗夫会晤后说,乌俄双方在停火问题上未能取得进展,乌方准备与俄方继续谈判。拉夫罗夫表示,俄愿意与乌继续保持对话。在土耳其外长恰武什奥卢参与下,拉夫罗夫和库列巴当天在土耳其南部城市安塔利亚郊外小镇贝莱克举行会晤。恰武什奥卢说,土耳其愿继续作为俄乌冲突调解人,主持俄乌会谈。这是自2月24日俄罗斯开展特别军事行动以来,俄乌两国举行的最高级别会晤。
——据俄国防部发言人科纳申科夫10日发布的消息,自俄方开展特别军事行动以来,俄军已摧毁乌方2998处军事基础设施目标。乌克兰方面的损失包括98架飞机、110架无人机、144套防空导弹系统、88个雷达站、1007辆坦克和其他装甲车辆、109台多管火箭炮、374门野战火炮和迫击炮、793辆特种军用车辆。乌克兰陆军10日在社交媒体上说,乌军当天在乌东北部与白俄罗斯接壤的切尔尼戈夫州摧毁了俄军一个“伊斯坎德尔”导弹营。
——俄罗斯政府新闻局10日发表声明说,俄政府已确定2022年底前禁止出口的商品清单,涉及200多种俄罗斯从国外进口的产品,包括通信设备、医疗设备、车辆、农业机械等,具体涵盖火车厢及火车头、集装箱、涡轮机、金属和石材加工机、显示器、投影仪、控制台和控制面板等,“相关措施是保障俄罗斯市场稳定的必要手段”。此外,俄政府还暂时限制向不友好国家和地区出口部分木材和木材产品。
——俄罗斯外交部10日发表声明说,俄罗斯将不再参加欧洲委员会。欧洲委员会2月25日表示,决定从即日起暂停俄罗斯在欧洲委员会部长委员会和议会大会中的代表权。欧洲委员会是一个全欧范围的组织,俄罗斯于1996年加入该组织。
——乌克兰最高拉达(议会)10日在官网发表声明说,乌克兰总统泽连斯基签署法令,乌方将强制剥夺俄罗斯联邦及其公民在乌克兰的资产,且不会作出任何补偿。
——乌克兰国际文传电讯社10日援引乌克兰副总理伊琳娜·韦列修克的话表示,乌方9日从冲突地区疏散了4万多名平民,10日乌方将从北部、东部和南部等人道主义走廊继续疏散被困民众。
——卡塔尔埃米尔(国家元首)塔米姆10日在首都多哈会见了来访的乌克兰总统特使贝克塔姆·拉斯塔姆,双方就结束乌俄冲突等问题交换意见。塔米姆9日还与泽连斯基通话。
——国际货币基金组织(IMF)执行董事会9日批准向乌克兰提供14亿美元紧急融资支持。(参与记者:唐霁、高攀、许缘、黄河、李东旭、熊思浩、华迪、李奥、杨元勇)(完)
图说1:3月10日上午,在土耳其外长恰武什奥卢(中)参与下,俄罗斯外长拉夫罗夫(左一)、乌克兰外长库列巴(右一)在土耳其南部城市安塔利亚郊外举行会晤。
图说2,3: 3月8日,在乌克兰伊尔平,当地居民走在撤离途中。新华社发(迭戈·埃雷拉摄)