Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ရထားလမ်းချော် တိုက်မိမှု ဖြစ်ပွား၊ သေဆုံးသူ ၂၃၃ ဦး ဒဏ်ရာရသူ ၉၀၀ ခန့်ရှိလာ

အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် Balasore ခရိုင်တွင် ဖြစ်ပွားသော ရထားလမ်းချော်တိုက်မိမှု ဖြစ်ပွားသော အချင်းဖြစ်နေရာတွင် လူများ စုဝေးနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဩရိဿပြည်နယ်တွင် ဇွန် ၂ ရက် ညပိုင်းက ရထားလမ်းချော် တိုက်မိမှု ဖြစ်ပွားခဲ့ရာ အချင်းဖြစ်ရပ်ကြောင့် သေဆုံးသူ ၂၃၃ ဦး ၊ ဒဏ်ရာရရှိသူ ၉၀၀ ခန့် ရှိကြောင်း သိရသည်။

သေဆုံးသူ ဦးရေမြင့်တက်နေဆဲဖြစ်ကြောင်း ဩရိဿပြည်နယ် အတွင်းရေးမှူးချုပ် Pradeep Jenaက ဇွန် ၃ ရက် နံနက်ပိုင်း၌ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။ ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ အချင်းဖြစ်နေရာမှ ထုတ်ပြန်သော သတင်းများအရ သေဆုံးသူ ဦးရေ ၂၀၇ နှင့် အခြား လူ ၉၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့နောက် မကြာမီ အိန္ဒိယအစိုးရက သေဆုံးသူဦးရေ ၂၃၃ ဦးရှိပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် Balasore ခရိုင်တွင် ဖြစ်ပွားသော ရထားလမ်းချော်တိုက်မိမှု ဖြစ်ပွားသော အချင်းဖြစ်နေရာတွင် လူများ စုဝေးနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် Balasore ခရိုင်တွင် ဖြစ်ပွားသော ရထားလမ်းချော်တိုက်မိမှု ဖြစ်ပွားသော အချင်းဖြစ်နေရာတွင် လူများ စုဝေးနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် Balasore ခရိုင်တွင် ဖြစ်ပွားသော ရထားလမ်းချော်တိုက်မိမှု ဖြစ်ပွားသော အချင်းဖြစ်နေရာတွင် လူများ စုဝေးနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် Balasore ခရိုင်တွင် ဖြစ်ပွားသော ရထားလမ်းချော်တိုက်မိမှု ဖြစ်ပွားသော အချင်းဖြစ်နေရာတွင် လူများ စုဝေးနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တစ်ညလုံး ရှာဖွေကယ်ဆယ်ရေးများပြုလုပ်ပြီးနောက် ကူညီကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။ ရှာဖွေကယ်ဆယ်ရေးသမားများက စက်ကိရိယာများနှင့် ဖြိုဖျက်ရေးကိရိယာများဖြင့် ရထားတွဲအတွင်း အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်လျက်ရှိသည်။

အချင်းဖြစ်ပွားပြီးနောက် အနည်းဆုံး ရထား ၅၁ စီး လမ်းကြောင်းပြောင်းခြင်း၊ ခရီးစဉ်ဖျက်သိမ်းခြင်း သို့မဟုတ် ရပ်နားခြင်း ပြုလုပ်ခဲ့ရသည်။ အိန္ဒိယ သမ္မတ ဒရူပါဒီ မာမူနှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာရာ မိုဒီ တို့က အချင်းဖြစ်ရပ်တွင် အသက်ဆုံးရှုံးသွားသူများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ သေဆုံးသူ၏မိသားစုဝင်များနှင့် ဒဏ်ရာရသူများကို လျော်ကြေးပေးသွားမည် ဖြစ်ကြောင်း အိန္ဒိယ မီးရထားရေးရာ ဝန်ကြီးက ကြေညာခဲ့သည်။

ဇွန် ၂ ရက် ဒေသစံတော်ချိန် ၁၉ နာရီခန့်တွင် ကိုလ်ကတ္တားမြို့မှ ချန်နိုင်းမြို့သို့ မောင်းနှင်သော ခရီးသည်တင် ရထားသည် ဩရိဿပြည်နယ် Balasoreခရိုင် Bahanaga Bazar ဘူတာအနီး ရထားလမ်းချော်ခဲ့ရာ ရထားတွဲ ၁၀ တွဲကျော် ပတ်ဝန်းကျင်တွင် ပြုတ်ကျ ပြန့်ကျဲခဲ့ပြီး အချို့ရထားတွဲများက တစ်ဘက် သံလမ်းပေါ်သို့ရောက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဘန်ဂလိုမြို့မှ ကိုလ်ကတ္တားမြို့သို့ မောင်းနှင်သော ခရီးသည်တင်ရထားသည် တစ်ဘက်မှ တွဲချော် လွင့်စင်ခဲ့သည့် ရထားတွဲနှင့် တိုက်မိ၍ ရထားတွဲအချို့ လမ်းချော်တိမ်းမှောက် ခဲ့သည်။ ထို့အပြင် ကုန်တင်ရထားတစ်စင်းသည် အချင်းဖြစ်ရပ်နှင့်ဆက်စပ်နေကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ လက်ရှိတွင် အချင်းဖြစ်ပွားသည့် အကြောင်းအရင်းကို ရှင်းလင်းစွာ မသိရသေးကြောင်းနှင့် အာဏာပိုင်များက အစွမ်းကုန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)

……………………………….
(Chinese Version)
印度列车脱轨相撞事故死亡人数升至233人
新华社新德里6月3日电据印度媒体3日报道,2日晚发生在印度东部奥迪沙邦的列车脱轨相撞事故已造成233人死亡,约900人受伤。
奥迪沙邦首席秘书杰纳3日凌晨通过个人社交媒体发布消息说,目前事故致死人数仍在增加。根据救援队伍从事故现场发出的消息,死亡人数已升至207人,另有约900人受伤。随后不久,印度官方又将死亡人数上调至233人。
据当地媒体报道,经过一整夜搜救后,救援行动仍在进行。救援人员动用了机械设备和破拆专用工具,从车厢内救出幸存者。
事故发生后,至少有51列火车改道、取消或停运。印度总统穆尔穆和总理莫迪都对事故中遇难者表示哀悼。印度铁道部长还宣布对遇难者家属及伤者进行赔偿。
当地时间2日19时左右,一列从加尔各答开往金奈的客运列车在奥迪沙邦巴拉索尔地区的巴哈纳贾火车站附近脱轨,10多节车厢散落四周,一些车厢落在对向轨道上。随后,一列由班加罗尔开往加尔各答的客运列车从对向轨道驶来并撞上脱轨的车厢,造成该列车的几节车厢也脱轨。此外,根据当地媒体报道,一列货运列车也与这起事故相关。目前事故发生的确切原因尚不清楚,当局已下令进行彻底调查。

1. 6月2日,人们聚集在印度奥迪沙邦巴拉索尔地区的列车脱轨相撞事故现场。新华社/印度联合新闻社