Connect with us

China

တရုတ်နိုင်ငံ ကျင်းဆားမြစ် ဝူးတုန်းတယ် ရေအားလျှပ်စစ်စက်ရုံ၏ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု စုစုပေါင်း ပမာဏ ၁၀၀ ဘီလီယံ kWh ကျော်ရှိလာ

ကျင်းဆား၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျင်းဆားမြစ် ဝူးတုန်းတယ် ရေအားလျှပ်စစ် စက်ရုံ၏ မြင်ကွင်းအား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘာ့ သတ္တမမြောက်၊ တရုတ်နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး ရေအားလျှပ်စစ်စက်ရုံဖြစ်သော ကျင်းဆားမြစ် ဝူးတုန်းတယ် ရေအားလျှပ်စစ် စက်ရုံ၏ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု စုစုပေါင်း ပမာဏသည် မကြာသေးမီ ရက်များက ၁၀၀ ဘီလီယံ kWh ကျော်ရှိလာခဲ့သည်။

၎င်းမှာ ကျောက်မီးသွေး တန်ချိန် ၃၀.၁၅ သန်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု တန်ချိန် ၈၂.၈ သန်း သက်သာစေခဲ့ရာ တရုတ်နိုင်ငံအတွက် “ကာဗွန် လျော့နည်းရေးနှင့် ကင်းစင်ရေး ရည်မှန်းချက် နှစ်ရပ် ” အတွက် အရေးပါသည့် အကျိုးဆောင်မှု ရှိခဲ့သည်။

ဝူးတုန်းတယ် ရေအားလျှပ်စစ် စက်ရုံသည် လုချွမ့်ခရိုင်နှင့် စီချွမ်းပြည်နယ် ဟွေ့တုန်းခရိုင်စပ်ကြားရှိ ကျင်းဆားမြစ် လျှိုမြောင်အပိုင်း၌ တည်ရှိပြီး “အနောက်ပိုင်းဒေသမှ လျှပ်စစ်ဓါတ်အားများ အရှေ့ပိုင်းဒေသသို့ ပို့ဆောင်ရေး” အမျိုးသားအဆင့်စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ခြင်း ဖြစ်သည်။

ရေအားလျှပ်စစ် စက်ရုံတွင် တစ်ယူနစ်လျှင် ၈၅၀,၀၀၀ ကီလိုဝပ်ထုတ်လုပ်နိုင်သော ယူနစ် ၁၂ ခု တပ်ဆင်ထားခြင်းဖြစ်ပြီး စုစုပေါင်း စက်တပ်ဆင် စွမ်းအား ကီလိုဝပ် ၁၀.၂၀ သန်း ၊ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုပမာဏ ကီလိုဝပ်နာရီ ၃၈.၉၁ ဘီလီယံ ရှိခြင်းကြောင့် လျှပ်စစ်ဓါတ်အား အကျိုးဖြစ်ထွန်းမှု ကြီးမားကြောင်း သိရသည်။ (Xinhua)

#Hydroelectric  #ဝူးတုန်းတယ်

…………………

(Chinese Version)

金沙江乌东德水电站累计发电量突破1000亿千瓦时
近日,世界第七、中国第四大水电站——金沙江乌东德水电站累计发电量突破1000亿千瓦时,相当于节约标准煤约3015万吨,减排二氧化碳约8280万吨,为我国实现“双碳”目标作出重要贡献。
乌东德水电站位于云南省禄劝县和四川省会东县交界的金沙江峡谷河段,是实施“西电东送”的国家重大工程。电站共安装12台单机容量85万千瓦水轮发电机组,总装机容量1020万千瓦,设计多年平均发电量389.1亿千瓦时,发电效益巨大。记者:张旻曦
1. 这是2022年11月25日拍摄的乌东德水电站(无人机照片)。