Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုတို့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ဂျကာတာမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုနှင့် ဂျကာတာမြို့တွင် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားကို သမ္မတ ဂျိုကို ဝီဒိုဒိုအား ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာ လမ်းညွှန်မှုအောက်တွင် တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေးသည် အားကောင်းစွာ ဖွံ့ဖြိုးတိုးတက်သည့် အရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် တစ်လကျော်က ချိန်တူးမြို့တွင် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ဂျိုကို ဝီဒိုဒိုတို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်-အင်ဒိုနီးရှား အေးအတူ ပူအမျှ အသိုက်အဝန်း လက်တွေ့ဖော်ဆောင်ရေး အစီအမံကို ရေးဆွဲခဲ့ရာ အရေးကြီးသဘောတူညီချက်အသစ်များ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်များကို ဖော်ဆောင်သွားလိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုကို တစ်ဆင့်တိုးအားဖြည့်ခြင်း နှစ်နိုင်ငံ အတူဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်းဖြင့် ဒေသတွင်းတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်အင်အားကို ဖြည့်တင်းသွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုတို့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ဂျကာတာမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုတို့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ဂျကာတာမြို့တွင် တွေ့ဆုံဆွေးနွေးရာ ဆွေးနွေးပွဲမတိုင်မီ ကြိုဆိုပွဲအခမ်းအနားကို တွေ့ရစဉ် (ဆင်ဟွာ)

ထိုသို့ ဆောင်ရွက်ရာတွင်-
ပထမအနေဖြင့် မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှုကို အဆက်မပြတ် နက်ရှိုင်းအောင် ဆောင်ရွက်၍ အေးအတူ ပူအမျှ အသိုက်အဝန်း အတူတည်ဆောက်ရေး၏ နိုင်ငံရေးအခြေခံ ခိုင်မာအောင် တည်ဆောက်ရမည် ဖြစ်ကြောင်း၊

ဒုတိယအနေဖြင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ကျယ်ပြန့်အောင် ဆောင်ရွက်၍ အေးအတူ ပူအမျှ အသိုက်အဝန်း အတူတည်ဆောက်ရေး၏ အကျိုးစီးပွားချိတ်ဆက်မှုကို ပို၍ နီးကပ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊

တတိယအနေဖြင့် ဘက်ပေါင်းစုံကဏ္ဍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို နီးကပ်အောင် ဆောင်ရွက်ခြင်းဖြင့် တရုတ်-အင်ဒိုနီးရှား အေးအတူ ပူအမျှ အသိုက်အဝန်း အတူ တည်ဆောက်ရေး၏ ခေတ်ကာလ အနက်အဓိပ္ပါယ်ကို ပြည့်စုံအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဘန်ဒေါင်းစိတ်ဓါတ်ကို ဆက်လက်မြှင့်တင်ဆောင်ရွက်ခြင်း၊ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးကို ခိုင်မာစွာ လက်ကိုင်ထားခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများ ပို၍ တရားမျှတ၊ သင့်လျော်မှုရှိသည့် ဦးတည်ချက်ကို ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် လီချန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံပေါင်းစုံ အလွှာအသီးသီးမှ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် (GCI)တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားလိုကြောင်း လီချန်က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုက လီချန်မှတစ်ဆင့် သမ္မတရှီကျင့်ဖိန်အား နွေးထွေးစွာ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာ အင်ဒိုနီးရှားနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် ယခုနှစ်များ၌ အောင်မြင်မှုရလဒ် များစွာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ အခန်းကဏ္ဍ၊ အာဆီယံ ဗဟိုပြုသည့် အခန်းကဏ္ဍကို တရုတ်နိုင်ငံက ခိုင်မာစွာထောက်ခံအားပေးခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ ကျင့်သုံးသွားမည် ဖြစ်ပြီး တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေးနှင့်ငါးလုပ်ငန်း၊ အခြေခံအဆောက်အဦ၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ စွမ်းအင်သစ်၊ ခရီးသွား၊ ကျန်းမာရေး စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားလိုကြောင်း၊ “နှစ်နိုင်ငံ ဥယျာဉ်နှစ်ခု”စသည့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေး၍ နှစ်နိုင်ငံဆက်ဆံရေး ကဏ္ဍသစ် ထပ်မံတက်လှမ်းနိုင်ရန် အားထားဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

လီချန်၏ အင်ဒိုနီးရှားနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်သည့် ကာလတွင် စက်မှု၊ လယ်ယာ၊ ငါးလုပ်ငန်း၊ E-Commerce ၊ သိပ္ပံနှင့်နည်းပညာ ဖန်တီးမှု စသည့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်များအား နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………………….
(Chinese Version)

李强同印度尼西亚总统佐科会谈
新华社雅加达9月8日电(记者余谦梁 陆芸 高阳)当地时间9月8日上午,国务院总理李强在雅加达同印度尼西亚总统佐科会谈。
李强首先转达习近平主席对佐科总统的亲切问候。李强表示,在两国元首战略引领下,中印尼关系保持强劲发展势头。一个多月前,习近平主席同你在成都会晤,就建设中印尼命运共同体“实景图”达成新的重要共识。中方愿同印尼一道落实两国元首重要共识,进一步加强发展战略对接,促进两国共同发展,为地区稳定繁荣注入持久动力。
一是不断深化战略互信,筑牢共建命运共同体的政治根基。
二是持续扩大务实合作,拉紧共建命运共同体的利益纽带。
三是密切多边领域协作,丰富共建中印尼命运共同体的时代内涵。继续弘扬万隆精神,坚持真正的多边主义,推动全球治理朝着更加公正合理的方向发展。中方愿同印尼在双边、区域和多边层面积极践行全球发展倡议、全球安全倡议、全球文明倡议。
佐科请李强转达对习近平主席的诚挚问候,表示印尼和中国全面战略伙伴关系近年来取得丰硕成果。印尼感谢中方坚定支持印尼发挥东盟轮值主席国作用,支持维护东盟中心地位。印尼坚持一个中国原则,愿同中方加强贸易投资、农渔业、基础设施、数字经济、新能源、旅游、医疗卫生等领域合作,推进“两国双园”等战略合作项目,推动两国关系再上新台阶。印尼将继续弘扬万隆精神,愿同中方共同推进区域合作,携手维护地区和平、稳定与繁荣。
访问期间,双方签署工业、农业、渔业、电子商务、科技创新等多个双边合作文件。
1,2. 当地时间9月8日上午,国务院总理李强在雅加达同印度尼西亚总统佐科会谈。
3. 当地时间9月8日上午,国务院总理李强在雅加达同印度尼西亚总统佐科会谈。这是会谈前,佐科为李强举行隆重欢迎仪式。