Connect with us

Media

ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပေါင်းစည်းမှုဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်က လန်ချန်းခရိုင်

ဖူအော်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ယခုနှစ်ပိုင်းများတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ လန်ချန်း လားဟူလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သည် ယဉ်ကျေးမှုနှင့်ခရီးသွားကဏ္ဍအရင်းအမြစ် အားသာချက်များကို ပေါင်းစည်းခဲ့သည်။

လုပ်ငန်းများချိတ်ဆက်ခြင်း၊ ဝန်ဆောင်မှုစနစ် ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ “ခရီးသွားကဏ္ဍ+”ဖွံ့ဖြိုးရေး လုပ်ငန်းပုံစံသစ်ကို ပျိုးထောင်ခြင်းဖြင့် ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍကို အရည်အသွေးမြင့် ပေါင်းစည်းဖွံ့ဖြိုးတိုးတက်စေအောင် ထဲထဲဝင်ဝင် တွန်းအားပေးဆောင်ရွက်ခဲ့သည်။ လက်ရှိ ယင်းခရိုင်တွင် စားသောက်၊ နေထိုင်၊ သွားလာ၊ လည်ပတ်ရေးနှင့် ပစ္စည်းဝယ်ယူမှု၊ ဖျော်ဖြေမှုကဏ္ဍများ ပြည့်စုံသည့် အခင်းအကျင်းကို အခြေခံအားဖြင့် တည်ဆောက်ပြီး ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ စာရင်းများအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း လန်ချန်းခရိုင်သို့ လာရောက်လည်ပတ်ခဲ့သော ခရီးသွား ၃.၀၁၄၃ သန်း ရှိပြီး ခရီးသွားကဏ္ဍ အထွေထွေဝင်ငွေ ယွမ် ၃,၃၈၈ သန်း ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………..
(Chinese Version)
云南澜沧:文旅融合促发展
近年来,云南省普洱市澜沧拉祜族自治县充分整合文旅资源优势,通过产业联动、完善服务体系、培育“旅游+”发展新业态等方式,深入推进文化和旅游高质量融合发展,目前该县已基本形成吃、住、行、游、购、娱相互配套的格局。据统计,2023年1月至5月澜沧县共接待旅游人数301.43万人次,实现旅游综合收入33.88亿元。新华社记者 胡超 摄
澜沧县东回镇班利村村民表演拉祜族舞蹈(7月20日摄)。
游客在澜沧县景迈山古茶林参观(7月18日摄)。
在澜沧县惠民镇,布朗族茶农南康在火塘边做烤茶(7月18日摄)。