Connect with us

Media

နိုင်ဂျာနိုင်ငံ အာဏာသိမ်း စစ်တပ်က ECOWAS ၏ ပိတ်ဆို့အရေးယူမှုကို လက်မခံဟု ဆို

အဘစ်ဒ်ဂျန်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

နိုင်ဂျာနိုင်ငံ အမိမြေကာကွယ်ရေး အမျိုးသားကော်မတီက အနောက် အာဖရိက နိုင်ငံများ စီးပွားရေး အသိုက်အဝန်း (ECOWAS) ၏ ပိတ်ဆို့မှု မှန်သမျှကို လက်ခံမည် မဟုတ်ဟု နိုင်ဂျာ အာဏာသိမ်း စစ်တပ် ခေါင်းဆောင် Abdourahamane Tchianiက ဩဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

အနောက် အာဖရိက နိုင်ငံများ စီးပွားရေး အသိုက်အဝန်း (ECOWAS)ခေါင်းဆောင်များက ဇူလိုင် ၃၀ ရက်က နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာတွင် အရေးပေါ် အစည်းအဝေးကျင်းပခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ဂျာနိုင်ငံ သမ္မတ Mohamed Bazoumကို တစ်ပတ်အတွင်း ပြန်လွှတ်ပေး၍ ၎င်း၏သမ္မတ အာဏာကို ပြန်လည်အပ်နှင်းရန် နိုင်ဂျာစစ်တပ်ကို တောင်းဆိုခဲ့သည်။ ယင်းနေ့တွင်ပင် အနောက် အာဖရိက နိုင်ငံများ စီးပွားရေး အသိုက်အဝန်း (ECOWAS)နှင့် ECOWAS အဖွဲ့ဝင် ၈ နိုင်ငံ ပါဝင်သော အနောက် အာဖရိက စီးပွားရေးနှင့်ငွေကြေးဆိုင်ရာသမဂ္ဂ (UEMOA)က နိုင်ဂျာနိုင်ငံနှင့်အာဏာသိမ်းမှုတွင် ပါဝင်သော စစ်သားများအား ပိတ်ဆို့အရေးယူမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
尼日尔政变军人称不接受西共体制裁
新华社阿比让8月2日电尼亚美消息:尼日尔政变军人领导人阿卜杜拉赫曼•奇亚尼2日表示,尼日尔保卫祖国国家委员会不接受所有来自西非国家经济共同体(西共体)的制裁。
西共体领导人7月30日在尼日利亚首都阿布贾召开紧急会议,要求尼日尔政变军人在一周内释放遭扣押的尼日尔总统巴祖姆并恢复其总统职权。当天,西共体和由8个西共体成员国组成的西非经济货币联盟宣布对尼日尔以及参与政变的尼军人实施制裁。(完)
1.  这是7月28日的尼日尔首都尼亚美街头。新华社发
2. 7月30日,在尼日利亚首都阿布贾,参加西非国家经济共同体(西共体)紧急会议的西非国家领导人合影。新华社发(西共体供图)