Connect with us

Latin America

ကနေဒါနိုင်ငံ၌ မိုင်းတွင်းမတော်တဆမှုဖြစ်ပွားပြီးနောက် မိုင်းလုပ်သား ၃၉ ဦး မြေအောက်၌ ပိတ်မိနေ

ကနေဒါနိုင်ငံ Sudbury မြို့ရှိ Vale's Totten မိုင်းတွင်းအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အော့တဝါ ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ကနေဒါနိုင်ငံ Sudbury မြို့ရှိ Vale’s Totten ဟုအမည်ပေးထားသော သတ္တုမိုင်းတွင်း၌ မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ မိုင်းလုပ်သားစုစုပေါင်း ၃၉ ဦး မြေအောက်တွင် ပိတ်မိနေကြောင်း CTV ရုပ်သံဌာန၏ စက်တင်ဘာ ၂၈ ရက် ထုတ်လွှင့်ချက်အရ သိရသည်။

တနင်္ဂနွေနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မိုင်းတွင်း၌ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ
ယင်းမတော်တမှုဖြစ်ပွားပြီးနောက် မိုင်းလုပ်သား ၃၉ ဦးသည် မြေအောက်တွင် ပိတ်မိနေခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့တစ်ခုသည် အခင်းဖြစ်နေရာသို့ ရောက်ရှိနေပြီး ပိတ်မိနေသော မိုင်းလုပ်သားများကို မြေပေါ်သို့ ဆွဲတင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။

ယင်းမတော်တဆမှုကြောင့် မိုင်းလုပ်သားများအား အတက်အဆင်း သယ်ဆောင်ပေးသည့် စက်သီးယာဉ်ကို (လူအားဖြင့်ဆွဲ၍)offline အနေအထားဖြင့်အသုံးပြုကာ ၎င်းတို့အတွက်လိုအပ်သော ဆေးဝါးနှင့်အစားအစာကို ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့အကူအညီဖြင့် မိုင်းလုပ်သားများအား ဒုတိယထွက်ပေါက် နည်းလမ်းဖြစ်သည့် တွဲလောင်းချလှေကား မှတစ်ဆင့် အပေါ်သို့ တက်နိုင်အောင် လုပ်ဆောင်နေပြီး ၊ ယင်းနည်းလမ်းကို မိုင်းလုပ်သားများကလည်း မကြာခဏ အသုံးပြုလေ့ရှိကြောင်း သိရသည်။
ယင်းမိုင်းတွင်းတွင် ကြေးနီး ၊ နီကယ်လ် နှင့် အခြား တန်ဖိုးမြင့် သတ္တုများ ထုတ်လုပ်လျက်ရှိသည်။ အဓိက မိုင်းတွင်းအပိုင်းသည် မြေမျက်နှာပြင်မှ အောက်သို့ ၄,၁၃၀ ပေ ( ၁၂၅၉ မီတာကျော်) အနက် ရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
39 miners stuck underground after mine incident in Canada
OTTAWA, Sept. 27 (Xinhua) — A total of 39 miners were stuck underground at a mine named Vale’s Totten in Sudbury, Canada, according to CTV on Monday.
The 39 miners were trapped underground after an incident occurred that caused damage to the shaft around 11:30 a.m. Sunday.
A rescue team is working on-site to get the miners to the surface. Medication and food have been brought to the miners after the conveyance for transporting miners was taken offline following the incident.
The miners will exit via a secondary egress ladder system with the support of the rescue team, which has been in frequent communication with the miners.
The mine produces copper, nickel and other precious metals. The main shaft of the mine is 4,130 feet (about 1,259 meters) below the surface. Enditem