Connect with us

Africa & Middle East

လက်ဘနွန်နယ်စပ်အနီးရှိ ဟစ်ဇ်ဘိုလာ မောင်းသူမဲ့ဒရုန်းအား အစ္စရေးကကြားဖြတ်ဟန့်တားခဲ့

အစ္စရေး အာဏာပိုင်များက မောင်းသူမဲ့လေယာဉ်များအား ပထမဆုံး အမျိုးသား လေကြောင်း ပျံသန်းစမ်းသပ်မှု အဖြစ် အစ္စရေးနိုင်ငံ မြောက်ပိုင်း Hadera မြို့၌ ၂၀၂၁ ခုနှစ် မတ် ၁၇ ရက်တွင် တစ်စီးနှင့်တစ်စီး မီတာအနည်းငယ်သာခြားသော သရုပ်ပြပျံသန်းမှုပြုလုပ်စဉ် (ဆင်ဟွာ)

ဂျေရုဆလင်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

လက်ဘနွန်နယ်စပ်အနီး ဟစ်ဇ်ဘိုလာ စစ်သွေးကြွများ၏မောင်းသူမဲ့ဒရုန်းတစ်စီးကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း အစ္စရေးစစ်တပ်က ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။
လက်ဘနွန်နယ်စပ်ကိုဖြတ်ကျော်လျက် အစ္စရေးပိုင်နက်ထဲသို့ ဝင်ရောက် လာသော ၎င်းမောင်းသူမဲ့ဒရုန်းအား ပစ်ချခဲ့ကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ကြေညာချက်တွင် ဖော်ပြထားသည်။

“အစ္စရေးနိုင်ငံ၏ အချုပ်အခြာပိုင်နက်အား ချိုးဖောက်မှုမှန်သမျှကို တားဆီးရန် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဩဂုတ်လတွင် အလားတူမောင်းသူမဲ့ဒရုန်းတစ်စင်းသည် အစ္စရေးနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာသည်ကို တားဆီးခဲ့ကြောင်း ၊ ယင်းမှာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့၏ မောင်းသူမဲ့ဒရုန်းတစ်စင်းဖြစ်ကြောင်း စစ်တပ်ဘက်မှ မှတ်ချက်ပြုခဲ့သည်။
အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ တို့သည် အဓိကအားဖြင့် လက်ဘနွန်မြေပေါ်၌ ၂၀၀၆ ခုနှစ်တွင် မီးကုန်ယမ်းကုန် စစ်ပွဲဆင်နွှဲခဲ့ကြပြီး ကမ္ဘာမကြေရန်သူများအဖြစ် ရှိနေကြကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
Israel intercepts Hezbollah drone near Lebanon border: military
JERUSALEM, Jan. 4 (Xinhua) — Israeli military said on Tuesday that it intercepted a Hezbollah drone near the border with Lebanon.
A military spokesperson said in a statement that the unmanned aerial vehicle was shot down after it crossed the border from Lebanon into Israeli territory.
“The IDF (Israel Defense Forces) will continue to act to prevent any violation of the sovereignty of the State of Israel,” the statement read.
In a similar incident in August, Israel intercepted a drone of the Iran-backed group after it crossed into Israel, said the military.
Israel and Hezbollah are sworn enemies, who fought a full-fledged war in 2006 that took place mostly on the Lebanese soil. Enditem