Connect with us

China

ပန်ဒါကြီး ၃ ကောင် အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် Chengdu Shuangliu အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပန်ဒါကြီးများ၏ အခြေအနေ ကြည့်ရှုစစ်ဆေးနေသော ဝန်ထမ်းများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ပန်ဒါကြီးမျိုးများဖြစ်သော မေရှန်း၊ ထျန်းထျန်းနှင့် ၎င်းတို့၏ပန်ဒါသားပေါက် အထီးလေး ရှောင်ချီကျိတို့သည် အမေရိကန်နိုင်ငံတွင် နေထိုင်ခဲ့ကြပြီးနောက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ Chengdu Shuangliu အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာ ၉ ရက် ညပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် Chengdu Shuangliu အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပန်ဒါကြီးများ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၉ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

လေယာဉ်မှူးအခန်း အပြင်ဘက်တွင် ပန်ဒါများ၏ ဓာတ်ပုံရေးခြယ်ထားသော FedEx Express Boeing 777 ကုန်တင်လေယာဉ်သည် နိုဝင်ဘာ ၉ ရက် ည ၁၁:၁၂ နာရီက လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ပြီး တရုတ်နိုင်ငံရှိ ပန်ဒါကြီးမျိုး ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သုတေသနစင်တာမှ ပန်ဒါကြီးထိန်းသိမ်းစောင့်ရှောက်သူများက ကြိုဆိုနှုတ်ဆက်ခဲ့သည်။

လေဆိပ်တွင် အကောက်ခွန်ဝန်များက စစ်ဆေးပြီးနောက် ပန်ဒါများသည် ချိန်တူးမြို့မှ ကီလိုမီတာ ၁၃၀ ခန့်အကွာ၊ စီချွမ်းပြည်နယ်၊ ဝေါလုန် အမျိုးသားသဘာဝထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၊ ရှန်စုဖိန် ပန်ဒါကြီးအခြေစိုက်စခန်းရှိ ကွာရန်တင်းအဆောက်အအုံသို့ ထွက်ခွာသွားခဲ့သည်။

ပန်ဒါကြီးထိန်းသိမ်းစောင့်ရှောက်သူများ၏ ပြောကြားချက်အရ အဆိုပါ ပန်ဒါကြီးများမှာ ခရီးရှည်လာခဲ့ရပြီးနောက် ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မေရှန်း၊ ထျန်းထျန်းနှင့် ရှောင်ချီကျိတို့သည် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှ ဒေသစံတော်ချိန် နိုဝင်ဘာ ၈ ရက်က ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို အလေးချိန် ၃၆၀ ကီလိုဂရမ်စီရှိ၍ သီးသန့်ထုတ်လုပ်ထားသော သေတ္တာသုံးလုံးဖြင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပန်ဒါကြီးများ နေထိုင်ခဲ့သော Smithsonian တိရစ္ဆာန်ဥယျာဉ်မှ ပန်ဒါကြီးထိန်းသိမ်းစောင့်ရှောက်သူ ၃ ဦးတို့လည်း ၎င်းလေယာဉ်နှင့်အတူ လိုက်ပါလာခဲ့ကြသည်။ လေယာဉ်ပေါ်တွင် ပန်ဒါများစားသုံးရန် ဝါး၊ သောက်ရေနှင့် ပန်းသီး ၁၀၀ ကီလိုဂရမ် အပါအဝင် ပံ့ပိုးရေးပစ္စည်းများ တင်ဆောင်လာခဲ့ကြောင်း သိရသည်။
မေရှန်းနှင့် ထျန်းထျန်းတို့သည် အမေရိကန်နိုင်ငံတွင် လွန်ခဲ့သော ၂၃ နှစ်ကတည်းက ရောက်ရှိနေခဲ့ခြင်းဖြစ်ကာ ပန်ဒါသားပေါက်လေးကောင် မွေးဖွားခဲ့ပြီး ၎င်းတို့အနက် ထိုက်ဆန်း၊ ပေါင်ပေါင်နှင့် ပေ့ပေတို့က တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်သည်။ (Xinhua)

………………………………
(English Version)
Giant panda trio return to China from U.S.
CHENGDU, Nov. 9 (Xinhua) — Giant pandas Mei Xiang, Tian Tian and their male cub, Xiao Qi Ji, arrived at the Chengdu Shuangliu International Airport in southwest China’s Sichuan Province on Thursday night, after wrapping up their stay in the United States.
The FedEx Express Boeing 777 Freighter with a massive giant panda picture painted outside the cockpit landed at the airport at 11:12 p.m. Thursday, greeted by giant panda keepers from the China Conservation and Research Center for the Giant Panda.
After an on-site inspection by customs staff at the airport, the pandas were heading to the quarantine facility at the Shenshuping giant panda base in Wolong National Nature Reserve in Sichuan, about 130 km away from Chengdu.
According to the keepers, the giant pandas are in good condition after a long flight.
Meixiang, Tiantian, and Xiao Qi Ji departed Washington, D.C. on Wednesday local time. They were placed into three tailor-made crates, each weighing some 360 kg.
Three giant panda keepers from the Smithsonian’s National Zoo, where the giant pandas had stayed, accompanied them on the flight. Supplies including 100 kg of bamboo, drinking water and apples were also loaded onto the plane for the pandas to consume.
Mei Xiang and Tian Tian arrived in the United States 23 years ago and bred four cubs there, of which Tai Shan, Bao Bao, and Bei Bei had already returned to China.
Photo 1: Staff members check the condition of giant pandas at the Chengdu Shuangliu International Airport in southwest China’s Sichuan Province, Nov. 9, 2023. (Photo by Li Chuanyou/Xinhua)
Photo 2: Giant pandas Mei Xiang, Tian Tian and their male cub, Xiao Qi Ji, arrives at the Chengdu Shuangliu International Airport in southwest China’s Sichuan Province, Nov. 9, 2023, after wrapping up their stay in the United States. (Photo by Li Chuanyou/Xinhua)