Connect with us

China

မဟာဗျူဟာကျ၍ အပြန်အလှန်အကျိုးကျေးဇူးရှိသော တရုတ်-ဂျပန် ဆက်ဆံရေးကို ရှီနှင့် ခီရှီဒါ ထပ်လောင်းပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါတို့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါတို့သည် နှစ်နိုင်ငံကြား မဟာဗျူဟာကျ၍ အပြန်အလှန် အကျိုးကျေးဇူးရှိသော ဆက်ဆံရေး ဘက်စုံအဆင့်မြင့်ရပ်တည်မှုကို ထပ်လောင်းပြောကြားခဲ့ကြသည်။
ယခုနှစ်သည် တရုတ်-ဂျပန် ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တရားဝင် ယေဘုယျလမ်းကြောင်း ထူထောင်နိုင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းတွင် သမိုင်းမှတ်တိုင် တစ်ခုလည်း ဖြစ်လာခဲ့သော တရုတ်-ဂျပန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးသည့် ၄၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း ၃၀ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များအစည်းအဝေး၌ သီးခြားတွေ့ဆုံမှုအတွင်း သမ္မတ ရှီက ဂျပန်ဝန်ကြီးချုပ် ခီရှီဒါအား ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါတို့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

လက်ရှိတွင် တရုတ်-ဂျပန် ဆက်ဆံရေးမှာ အရေးပါသောလမ်းဆုံတွင် ရောက်ရှိနေသည်ဟု ရှီက ဆိုသည်။ နှစ်နိုင်ငံအနေဖြင့် သမိုင်းမှသင်ခန်းစာယူလျက် တောက်ပသော အနာဂတ်ကိုဖန်တီးရန်၊ ခေတ်ကာလရေစီးကြောင်းကို လိုက်လျှောက်ရန်နှင့် မှန်ကန်သောလမ်းကြောင်းကို ထိန်းသိမ်းရန်၊ ၁၉၇၂ ခုနှစ်က သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ရောက်ရှိခဲ့ချိန်က မူလရည်မှန်းချက်အတိုင်း ဆက်လက်မှန်ကန်စွာ တည်ရှိရန် ရှီက ပြောခဲ့သည်။
သမိုင်းကြောင်း၊ ထိုင်ဝမ်နှင့် ဆက်စပ်သော အဓိကစည်းမျဉ်းကိစ္စရပ်များမှာ တရုတ်-ဂျပန် ဆက်ဆံရေး၏ နိုင်ငံရေးအုတ်မြစ်နှင့် သက်ဆိုင်ကြောင်း ရှီက အလေးထားပြောခဲ့သလို ဂျပန်နိုင်ငံအနေဖြင့် ၎င်းတို့၏ ကတိကဝတ်များကို လေးစားရန်နှင့် ပျက်စီး၍မရသလို လှုပ်ခတ်၍လည်းမရသော နှစ်နိုင်ငံ ဆက်ဆံရေးအုတ်မြစ်ကို သေချာခိုင်မာစေရန် တိုက်တွန်းခဲ့သည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ခီရှီဒါကလည်း ဂျပန်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ဆက်လက်ကတိပြုမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ကိုင်တွယ်ရာတွင် ဂျပန်-တရုတ် ပူးတွဲကြေညာချက်၌ ဖော်ပြထားသည့်အတိုင်း ၎င်းတို့၏ ရပ်တည်ချက်ပြောင်းလဲခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နှစ်နိုင်ငံ ခေါင်းဆောင်များသည် အသစ်ထူထောင်ထားသော ပို့ကုန်ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးမှုယန္တရားကို ချီးကျူးခဲ့ကြသလို နယ်ပယ်စုံ ဆွေးနွေးမှုနှင့် ဆက်ဆံမှု ထိန်းသိမ်းရန်၊ တရုတ်-ဂျပန် အဆင့်မြင့် စီးပွားရေးဆွေးနွေးပွဲ၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုဆိုင်ရာ အဆင့်မြင့် ဆွေးနွေးညှိနှိုင်းမှုယန္တရားအစည်းအဝေးတို့ကို သင့်လျော်သောအချိန်တွင် ကျင်းပရန် သဘောတူခဲ့ကြသည်။
ဖူကူရှီးမားစွမ်းအင်စက်ရုံမှ နျူကလီးယားညစ်ညမ်းရေများ စွန့်ထုတ်ရေးကိစ္စဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော သဘောထားဖြင့် ဆွေးနွေး ညှိနှိုင်းမှုများမှတစ်ဆင့် သင့်တင့်လျောက်ပတ်သော နည်းလမ်းကို ရှာဖွေရန်လည်း သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Xi, Kishida reaffirm strategic, mutually beneficial China-Japan ties
SAN FRANCISCO, Nov. 17 (Xinhua) — Chinese President Xi Jinping and Japanese Prime Minister Fumio Kishida on Thursday reaffirmed the positioning of comprehensively advancing the strategic and mutually beneficial relations between China and Japan.
This year marks the 45th anniversary of the signing of the China-Japan Treaty of Peace and Friendship, which established the general direction of China-Japan peace, friendship, and cooperation in legal form and became a milestone in the history of bilateral relations, Xi said as he met Kishida on the sidelines of the 30th Asia-Pacific Economic Cooperation Economic Leaders’ Meeting.
At present, the China-Japan relationship is at a critical juncture, Xi said. The two sides should, in the spirit of learning from history to create a bright future, follow the trend of the times and keep to the right direction, stay true to the original aspiration when normalizing diplomatic relations in 1972.
Xi stressed that major issues of principle related to history and Taiwan bear on the political foundation of China-Japan relations, and he urged Japan to honor its pledges and make sure that the foundation of bilateral relations will not be damaged or shaken.
For his part, Kishida said that the Japanese side will remain committed to the path of peaceful development and there is no change in its position on handling issues related to Taiwan, as stated in the Japan-China Joint Statement.
The two sides spoke highly of the newly established dialogue mechanism on export controls, agreed to maintain dialogue and communication at various levels, and hold at an appropriate time a new round of China-Japan High-Level Economic Dialogue as well as a meeting of high-level consultation mechanism on people-to-people exchanges.
They also agreed to find a proper way to resolve the issue of the discharge of nuclear-contaminated water from the Fukushima power plant through consultations and negotiations in a constructive manner.
Photo 1,2: Chinese President Xi Jinping meets with Japanese Prime Minister Fumio Kishida in San Francisco, the United States, Nov. 16, 2023. (Xinhua/Wang Ye)