Connect with us

Media

တရုတ်နိုင်ငံ၏ နာမည်ကျော် ထျန်းအန်းမင်တောင်တွင် ခရီးသွားဧည့်သည်အရေအတွက် စံချိန်တင်မြင့်တက်လာ

ကျန်းကျားကျဲ့၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ကျန်းကျားကျဲ့မြို့တွင် တည်ရှိသော ထျန်းအန်းမင်တောင် ရှုခင်းသာနေရာ၌ ယခုနှစ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာခဲ့ပြီး ၂၀၁၉ ခုနှစ်က ရှိခဲ့သော စံချိန်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

နာမည်ကျော် အမျိုးသားသစ်တောဥယျာဉ်နှင့် 5A အဆင့်ရှိသော ခရီးသွားဧည့်သည်များလာရောက်သည့် အဆိုပါနေရာသို့ ၂၀၂၃ ခုနှစ်အတွင်း ခရီးသွားဧည့်သည် ၅ သန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်က ဝင်ရောက်ခဲ့သော ခရီးသွားဧည့်သည် ၄.၇၄ သန်းကို ကျော်လွန်ခဲ့ကြောင်း ရှုခင်းသာနေရာ စီမံခန့်ခွဲမှု အာဏာပိုင်များက ပြောခဲ့သည်။

ခရီးသွားဧည့်သည်များဖြင့် နာမည်ကျော်ကြားလှသော ကျန်းကျားကျဲ့မြို့ရှိ အထင်ကရနေရာများအနက် တစ်ခုဖြစ်သည့် ထျန်းအန်းမင်တောင် ရှုခင်းသာနေရာသည် ၂၀၀၅ ခုနှစ် စက်တင်ဘာလက ခရီးသွားဧည့်သည်များအတွက် ဖွင့်လှစ်ခဲ့ချိန်မှစ၍ ဧည့်သည် ၃၇ သန်းကျော် ဝင်ရောက်ခဲ့သည်။ ယင်းမြို့ရှိ ဝူလင်းယွမ် ရှုခင်းသာနေရာသည်လည်း UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
China’s famed Tianmen Mountain shatters tourist number record
Tianmen Mountain Scenic Area, nestled in the city of Zhangjiajie, central China’s Hunan Province, has shattered its previous tourist number record set in 2019 following a tourism boom this year.
The renowned national forest park and 5A tourist destination has welcomed over 5 million visitors so far in 2023, surpassing the 4.74 million visitors it attracted in 2019, according to the management authorities of the scenic area.
Tianmen Mountain scenic area, one of the iconic destinations in the renowned tourist city of Zhangjiajie, has received over 37 million visitors since it opened to tourists in September 2005. The Wulingyuan scenic area in the city is on the world heritage list of UNESCO.