Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဖာဒီနန် ရာမိုဒက်ဇ် မားကို့စ် ဂျူနီယာတို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဖာဒီနန် ရာမိုဒက်ဇ် မားကို့စ် ဂျူနီယာနှင့် ဒီဇင်ဘာ ၄ ရက်က ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာ၌ သမ္မတရှီကျင့်ဖိန်က တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ ဆက်ဆံရေးအား အောက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ (၁/၃)

၁။ တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ပင်လယ်ဖြတ်ကျော် မျက်နှာချင်းဆိုင်လျက်တည်ရှိသော အိမ်နီးချင်းနိုင်ငံများဖြစ်သည်။ ထောင်စုနှစ်များအတွင်း အပြန်အလှန်ယုံကြည်မှု၊ ကူညီဖေးမမှုသည် နှစ်နိုင်ငံ ဆက်ဆံရေး၏ ထူးခြားသောလက္ခဏာဖြစ်သလို နှစ်နိုင်ငံပြည်သူများ၏ တန်ဖိုးထားရာအမွေအနှစ်လည်း ဖြစ်သည်။

၂။ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံအား အိမ်နီးချင်း သံတမန်ဆက်ဆံရေး၌ ဦးစားပေးအဖြစ် သဘောထားသလို တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးကို မဟာဗျူဟာမြောက် ဘက်စုံရှုထောင့်အနေဖြင့် ချဉ်းကပ်လျက်ရှိသည်။

၃။ မိမိအနေဖြင့် သမ္မတ မားကို့စ်နှင့်အတူ မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုများ ပုံမှန် ထိန်းသိမ်းဆောင်ရွက်သွားလိုသည်။ နှစ်ဘက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များကို ဘက်စုံရေးဆွဲ၍ အပြန်အလှန်ကူညီဖေးမသော အိမ်နီးချင်းကောင်း၊ ချစ်ကြည်ရင်းနှီးမှုကို မျှဝေသော ဆွေမျိုးမိတ်ဆွေကောင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားကိုဖော်ဆောင်သော မိတ်ဖက်ကောင်းအဖြစ် ဆောင်ရွက်ကာ နှစ်နိုင်ငံ ပြည်သူများ၏အကျိုးစီးပွား၊ ဒေသတည်ငြိမ်အေးချမ်းအတွက် ပိုမို အကျိုးဆောင်သွားလိုသည်။ (Xinhua)

#China #Philippine #Xinhua #Xinhuamyanmar #တရုတ် #ဖိလစ်ပိုင် #ဆင်ဟွာ
——————————
Chinese President Xi Jinping on Jan. 4 held talks with Philippine President Ferdinand Romualdez Marcos Jr. at the Great Hall of the People during the latter’s state visit to China. Here are some highlights of Xi’s remarks on ties between China and the Philippines.(1/3)

1. China and the Philippines are close neighbors facing each other across the sea. In their exchanges over a millennium, good faith and mutual

assistance have remained the defining feature of bilateral relations and a precious legacy cherished by the two peoples.

2. China views the Philippines as a priority in its neighborhood diplomacy and approaches its relations with the Philippines from a strategic and overall perspective.

3. I am ready to stay in regular strategic communication with you (President Marcos) and make comprehensive plans for the growth of bilateral ties so that the two countries will stay good neighbors helping each other, good relatives sharing affinity, and good partners pursuing win-win cooperation, delivering more benefits to the two peoples and contributing more positive energy to peace and stability in the region.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.