Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာ အကြီးအကဲ တွေ့ဆုံ

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် ကုလသမဂ္ဂ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုရေးရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Rosemary A. DiCarlo နှင့် မြို့တော် ပေကျင်း၌ ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ကုလသမဂ္ဂ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုရေးရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Rosemary A. DiCarlo နှင့် ပေကျင်းမြို့၌ ဧပြီ ၁၁ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

လူသားမျိုးနွယ်အတွက် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရေး ရည်မှန်းချက်၏ လမ်းညွှန်မှုအရ တရုတ်နိုင်ငံအနေဖြင့် ဘက်စုံနည်းလမ်း၌ ကုလသမဂ္ဂ၏ လုပ်ငန်းဆောင်တာတွင် ပါဝင်လျက်ရှိကြောင်း၊ ၎င်း၏ နိုင်ငံတကာ တာဝန်ဝတ္တရားများကို အခိုင်အမာဖြည့်ဆည်းလျက်ရှိကြောင်း၊ စည်းလုံးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် တက်ကြွစွာ ထောက်ခံလျက်ရှိကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကုန်စည်များကိုလည်း ပံ့ပိုးကူညီလျက်ရှိကြောင်း ချင်က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက ကုလသမဂ္ဂအနေနဲ့ နိုင်ငံတကာနဲ့ ဒေသတွင်းကိစ္စရပ်တွေမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေခြင်းကို အခိုင်အမာထောက်ခံပါတယ်။ ပြီးတော့ ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်းနဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းတွေမှာ ကုလသမဂ္ဂရဲ့ ယုံကြည် စိတ်ချရတဲ့မိတ်ဖက် ဖြစ်ဖို့ အသင့်ရှိပါတယ်” ဟု ချင်က ဆိုသည်။

ထို့နောက် ကုလသမဂ္ဂ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုရေးရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Rosemary A. DiCarlo ကလည်း ကုလသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရေးရာတွေမှာ ပိုမိုအဖြေရှာရေးအတွက် ပူးတွဲအဆိုပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(English Version)
Chinese FM meets with UN political affairs chief
BEIJING, April 11 (Xinhua) — Chinese State Councilor and Foreign Minister Qin Gang on Tuesday met with UN Under-Secretary-General for Political and Peacebuilding Affairs Rosemary A. DiCarlo in Beijing.
Qin said that, guided by the vision of building a community with a shared future for humanity, China has taken part in the work of the UN in a comprehensive way, firmly fulfilled its international obligations, actively advocated for solidarity and cooperation, and provided global public goods.
“China will firmly support the UN in playing a constructive role in pressing international and regional issues, and is ready to be a credible and reliable partner of the UN in maintaining world peace and promoting common development,” Qin said.
For her part, DiCarlo expressed the hope that the UN will deepen cooperation with China and jointly propose more solutions for pressing international and regional issues.
Photo: Chinese State Councilor and Foreign Minister Qin Gang meets with UN Under-Secretary-General for Political and Peacebuilding Affairs Rosemary A. DiCarlo in Beijing, capital of China, April 11, 2023. (Xinhua/Zhai Jianlan)