Connect with us

China

တရုတ်နိုင်ငံ မူဝါဒရေးရာဘဏ်က ရေကြောင်းထိန်းသိမ်းရေး စီမံကိန်းများ ပံ့ပိုးမှု အရှိန်မြှင့် ဆောင်ရွက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ ဝန်ကျိုးခရိုင်ရှိ ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသူများကို Blue Sky ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကူညီရွှေ့ပြောင်းပေးနေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မူဝါဒရေးရာဘဏ်တစ်ခုဖြစ်သော China Development Bank က ယခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံတစ်ဝန်း အဓိကမြစ်ကြောင်းထိန်းသိမ်းရေးစီမံကိန်းများအတွက် ငွေကြေးထောက်ပံ့မှု အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကာလအတွင်း ထိုစီမံကိန်းနှင့် ဆက်စပ်သော ဆောက်လုပ်ရေးလုပ်ငန်းများ မြှင့်တင်ရန် ယွမ် ၁၁၀.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄.၄၅ ဘီလီယံခန့်) ချေးငွေ ထုတ်ပေးခဲ့သည်။

ထို့ပြင် ဘဏ်အနေဖြင့် ရေလမ်းကြောင်းလွှဲပြောင်းခြင်း၊ ရေအရင်းအမြစ်ခွဲဝေခြင်းနှင့် ဆည်မြောင်းသွယ်တန်းခြင်း စသည်တို့အပြင် ရေပေးဝေခြင်းနှင့် ရေဖူလုံခြင်းရှိစေရန် အဓိကစီမံကိန်း တည်ဆောက်မှုများအတွက် ငွေကြေး ပံ့ပိုးမှုများဆောင်ရွက်ခဲ့ကြောင်း ဘဏ်က ပြောခဲ့သည်။

တရုတ်နိုင်ငံသည် ရေကြီးရေလျှံဖြစ်ပွားမှု ကာကွယ်ရေး အရေးကြီးအခြေအနေဖြစ်နေသည့်အားလျော်စွာ China Development Bank အနေဖြင့်လည်း ရေကာတာများ၊ ပျက်စီးနေသော ဆည်များ ပြန်လည်တည်ဆောက်ရေး အထောက်အကူဖြစ်စေရန် ချေးငွေများ ထုတ်ပေးခဲ့သလို သဘာဝဘေးအန္တရာယ်များ ကိုင်တွယ်ဖြေရှင်းရန် ငွေကြေးအကူအညီ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
Chinese policy bank ramps up support for water conservancy projects

BEIJING, July 30 (Xinhua) — China Development Bank, one of the country’s policy banks, has scaled up financial support for major water conservancy projects nationwide in the first half of this year.
During the period, the policy bank issued loans worth 110.2 billion yuan (about 14.45 billion U.S. dollars) to boost the construction of these projects, it said.
So far, the policy bank has provided financial support for the construction of major projects in water diversion, water resource allocation and irrigation, among others, to boost the country’s water supply and ensure water security, it said.
As China is in a crucial period of flood prevention, the policy bank issued loans to help reinforce levees and dilapidated reservoirs, and enhanced financial assistance to deal with the disasters.
Photo: Members from the Blue Sky Rescue Team, a Chinese civil relief squad, transfer a flood-trapped resident in Wanzhou District, southwest China’s Chongqing, July 4, 2023. (Photo by Feng Tao/Xinhua