Connect with us

China

တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်ရောင်းချမှု ပထမ ၇ လအတွင်း မြင့်တက်လာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ယန်းထိုင်ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောတစ်စင်းပေါ်သို့ မော်တော်ယာဉ်များ တင်နေသည်ကို ၂၀၂၂ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုများမှာ ယခုနှစ် ပထမ ၇ လအတွင်း လျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း တရုတ်မော်တော်ကားထုတ်လုပ်သူများအသင်းမှ အချက်အလက်များအရ သိရသည်။
စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်များ ရောင်းချမှုသည် အဆိုပါ ကာလအတွင်း အစီးရေ ၂.၂၆ သန်း ရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁၅.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ထုတ်လုပ်မှုပမာဏ အစီးရေ ၂.၂၅ သန်း ရှိခဲ့ပြီး ၁၆.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အသင်း၏ အချက်အလက်များ၌ ဖော်ပြထားသည်။

အဝေးပြေးမော်တော်ကားများနှင့် ထရပ်ကားများ ထုတ်လုပ်၊ ရောင်းချမှုများအနေဖြင့်လည်း ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဂဏန်းနှစ်လုံး တိုးတက်လာခဲ့ကြောင်း၊ အဝေးပြေးမော်တော်ကား ရောင်းချမှုမှာ အစီးရေ ၂၆၂,၀၀၀ ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၂၅.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ စီးပွားဖြစ်မော်တော်ယာဉ် ရောင်းချမှုမှာ ဇူလိုင်လတစ်လတည်းတွင်ပင် အစီးရေ ၂၈၇,၀၀၀ ရှိခဲ့သဖြင့် ယခင်နှစ် အလားတူကာလထက် ၁၆.၈ ရာခိုင်နှုန်း ပိုများခဲ့သည်။
တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်များ တင်ပို့မှုအနေဖြင့် ဇန်နဝါရီမှ ဇူလိုင်အတွင်း အစီးရေ ၄၁၇,၀၀၀ အထိ ရောက်ရှိခဲ့ကာ ယမန်နှစ်ကထက် ၃၂.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
China’s commercial vehicle sales up in first seven months
BEIJING, Aug. 26 (Xinhua) — China’s commercial vehicle production and sales continued to maintain rapid growth during the first seven months of this year, data from the China Association of Automobile Manufacturers showed.
Sales of commercial vehicles surged 15.9 percent year on year to 2.26 million units during the period, while the output of such vehicles jumped 16.9 percent to 2.25 million units, according to the association.
Production and sales of coaches and trucks both registered double-digit growth compared with the same period last year, with coach sales soaring 25.1 percent year on year to 262,000 units, the data showed.
In July alone, China’s sales of commercial vehicles stood at 287,000 units, up 16.8 percent year on year.
During the January-July period, China’s exports of commercial vehicles reached 427,000 units, surging 32.5 percent year on year, the data also revealed.
Photo: Aerial photo taken on March 7, 2022 shows vehicles to be loaded onto a freight ship at Yantai Port, east China’s Shandong Province. (Photo by Tang Ke/Xinhua)