Connect with us

China

ရှန်ဟိုင်းမြို့၏ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းဈေးကွက် ပထမနှစ်ဝက်အတွင်း တိုးတက်မှုရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၊ ဒစ္စနေအပန်းဖြေစခန်းရှိ Donald Duck လေထိုးရုပ်နှင့် အမှတ်တရဓာတ်ပုံရိုက်နေသော ခရီးသွားဧည့်သည်များကို ၂၀၂၂ ခုနှစ် ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းဈေးကွက်သည် ယခုနှစ် ပထမနှစ်ဝက်အတွင်း လျင်မြန်စွာ တိုးတက်လာခဲ့ကြောင်၊ ခရီးသွားဧည့်သည်ဝင်ရောက်မှုနှင့် ဝင်ငွေလည်း မြင့်တက်လာခဲ့ကြောင်း ဒေသခံအာဏာပိုင်အဖွဲ့ အချက်အလက်များအရ သိရသည်။

ရှန်ဟိုင်းမြို့၌ ယခုနှစ် ပထမ ခြောက်လအတွင်း ပြည်တွင်းဧည့်သည် ၁၃၉ သန်းကျော် ဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းဝင်ငွေအနေဖြင့် ယွမ် ၁၅၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁.၅၆ ဘီလီယံခန့်) ရရှိခဲ့သည်။ အဆိုပါ ကဏ္ဍနှစ်ခုလုံး၌ တိုးတက်မှုအနေဖြင့် ယမန်နှစ် အလားတူကာလထက် ၁၀၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း ရှန်ဟိုင်းမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဦးစီးဌာနမှ ဖော်ပြထားသည်။
ထို့ပြင် ကတ်စနစ်ငွေပေးချေမှုလုပ်ငန်းကြီးဖြစ်သော China UnionPay မှ အချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက်အတွင်း ရှန်ဟိုင်းမြို့၌ ခရီးသွားလုပ်ငန်းသုံးစွဲမှုမှာ စုစုပေါင်း ယွမ် ၄၇၈.၄၅ ဘီလီယံ ရှိခဲ့ရာ ယခင်နှစ် ကာလတူထက် ၇၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။

အလားတူကာလအတွင်း ရှန်ဟိုင်းသည် စီးပွားဖြစ်ဖျော်ဖြေတင်ဆက်မှု ၂၂,၀၀၀ ကျော် လက်ခံဆောင်ရွက်ခဲ့ကာ ပရိသတ် ၁၂ သန်းနီးပါး ဆွဲဆောင်နိုင်ခဲ့ပြီး ရုပ်ရှင်ရုံလက်မှတ်ရောင်းချမှုမှ ယွမ် ၈၃၂ သန်း ရရှိခဲ့သည်။ (Xinhua)

………………………………
(English Version)
Shanghai’s cultural tourism market booms in H1
SHANGHAI, Aug. 27 (Xinhua) — The cultural tourism market in east China’s metropolis of Shanghai witnessed rapid growth in the first half of this year, surging in terms of traffic and revenue, data from local authorities shows.
In the first six months, Shanghai received more than 139 million domestic visitors, generating tourism revenue of more than 155 billion yuan (about 21.56 billion U.S. dollars). Both mark a year-on-year growth of over 100 percent, according to the Shanghai Municipal Administration of Culture and Tourism.
According to data from card payment giant China UnionPay, the tourism consumption in Shanghai during the first half of the year totaled 478.45 billion yuan, a 77 percent year-on-year increase.
In the same period, Shanghai hosted more than 22,000 commercial performances, drawing almost 12 million audiences and achieving box office revenue of 832 million yuan.
Photo: Tourists pose with an inflatable doll of Donald Duck at Wishing Star Park of Disney Resort in Shanghai, east China on June 10, 2022. (Xinhua/Fang Zhe)