Connect with us

China

အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း ၂၄ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားကျင်းပ

တရုတ်နိုင်ငံ တောင်ပိုင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း ၂၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) တွင် အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း ၂၄ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အလံတင်အခမ်းအနားနှင့် ကြိုဆိုဧည့်ခံပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း ၂၄ နှစ်မြောက် နှစ်ပတ်လည်အလံတင်အခမ်းအနား ကျင်းပနေသည်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအနေဖြင့် တရုတ်နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုမှ ဆောင်ကြဉ်းပေးသော သမိုင်းဝင်အခွင့်အလမ်းများကို အမိအရဖမ်းဆုပ်ရန် လူမှုအဖွဲ့အစည်းအသီးသီးအား စည်းလုံးညီညွတ်စွာ ဦးဆောင်သွားမည်ဖြစ်ကြောင်း၊ “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” အား မကာအို၏ သွင်ပြင်လက္ခဏာများဖြင့် အောင်မြင်စွာကျင့်သုံးနေမှုကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နှင့် အောင်မြင်မှုအသစ်များဖြင့် အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအား ကျင်းပသွားမည်ဖြစ်ကြောင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ဟဲ့ရိချိန် (Ho Iat Seng) က ပြောကြားခဲ့သည်။

လာမည့်နှစ်တွင် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအနေဖြင့် နိုင်ငံ၏လုံခြုံရေးနှင့် လူမှုရေးအခြေအနေတည်ငြိမ်မှုကို အခိုင်အမာ ထိန်းသိမ်းစောင့်ရှောက်မည်ဖြစ်ကြောင်း၊ မကာအိုအား ကမ္ဘာ့ခရီးသွားလုပ်ငန်းနှင့် အနားယူအပန်းဖြေစခန်းအဖြစ် တည်ဆောက်ရေးနှင့် ကျန်းမာရေး၊ ခေတ်သစ်ငွေကြေး၊ နည်းပညာမြင့်၊ ပြခန်းနှင့် ကွန်ဗင်းရှင်း၊ ယဉ်ကျေးမှုနှင့် အားကစား စသည့် ဦးစားလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးစီမံကိန်းပုံစံအသီးသီးရှိ အဓိက လုပ်ငန်းများနှင့် စီမံကိန်းများ အကောင်အထည်ဖော်မှုကို အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ဟဲ့က မှတ်ချက်ပြုပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Macao marks 24th anniversary of return to motherland
MACAO, Dec. 21 (Xinhua) — China’s Macao Special Administrative Region (SAR) on Wednesday held a flag-raising ceremony and a reception to mark the 24th anniversary of Macao’s return to the motherland.
Ho Iat Seng, chief executive of the Macao SAR, said at the reception that the Macao SAR government will unite and lead various walks of the society to seize historic opportunities brought by the country’s overall development, continuously advance the successful practices of “one country, two systems” with Macao characteristics, and celebrate the 75th anniversary of the founding of the People’s Republic of China and the 25th anniversary of Macao’s return to the motherland in 2024 with new achievements.
In the coming year, the Macao SAR government will firmly safeguard national security and social stability, and speed up the implementation of major tasks and projects listed in the economic diversification plan to build Macao into a world tourism and leisure center and develop its priority industries of big health, modern finance, high technology, exhibition and convention, as well as culture and sports, Ho noted.
Photo 1: A reception to mark the 24th anniversary of Macao’s return to the motherland is held in south China’s Macao Special Administrative Region, Dec. 20, 2023. (Xinhua)