Connect with us

China

တရုတ်နိုင်ငံ၌ ၂၀၂၃ ခုနှစ်အတွင်း မှုခင်းဖြစ်ပွားမှု ၄.၈ ရာခိုင်နှုန်းကျဆင်း

ရန်ကုန်မြို့ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု သံသယရှိသူ ၅ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ ၂၀၂၃ ခုနှစ် ဩဂုတ် ၂၆ ရက်က လွှဲပြောင်းနေစဉ် (ဓာတ်ပုံ - Chinese embassy in Myanmar/Handout via Xinhua)

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်အတွင်း မှုခင်းဖြစ်ပွားမှု ၄.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနထံမှ သိရသည်။

တရုတ်နိုင်ငံတစ်ဝန်းရှိ ပြည်သူ့လုံခြုံရေးဌာနများက ၂၀၂၃ ခုနှစ်အတွင်း ပြစ်မှုဆိုင်ရာအဖွဲ့အစည်း ၁,၉၀၀ ကျော် နှိမ်နင်းနိုင်ခဲ့ပြီး မှုခင်းဖြစ်ပွားမှု ၂၉,၀၀၀ ခန့် ဖော်ထုတ်နိုင်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် အခြေစိုက်ထားပြီး တရုတ်နိုင်ငံသားများအား ထိခိုက်မှုရှိသော ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းကာ ဖြိုခွင်းမှုများစွာ ပြုလုပ်ခဲ့ကြောင်းနှင့် သံသယရှိသူ ၄၁,၀၀၀ ခန့်အား မြန်မာနိုင်ငံမှ တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ဝန်ကြီးဌာနအရ သိရသည်။

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ယမန်နှစ် တစ်နှစ်လုံး အစားအသောက်၊ ဆေးဝါးလုံခြုံရေးနှင့် ဆက်စပ်သည့် မှုခင်းများကို အခိုင်အမာရပ်တည်ချက်ကို ထိန်းသိမ်းခဲ့ပြီး ထိုကဲ့သို့အမှု ၁၉,၀၀၀ ခန့် ဖြေရှင်းနိုင်ခဲ့ကာ သံသယရှိသူ ၂၈,၀၀၀ ခန့်အား ဖမ်းဆီးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
China sees 4.8-pct drop in criminal cases in 2023
BEIJING, Jan. 9 (Xinhua) — China witnessed a 4.8-percent decline in criminal cases in 2023 compared to the previous year, according to the Ministry of Public Security.
Public security agencies across China dismantled over 1,900 criminal organizations and cracked around 29,000 criminal cases in 2023, the ministry said at a press conference on Tuesday.
Regarding telecom and online fraud activities based in northern Myanmar and affecting Chinese citizens, Chinese police carried out multiple rounds of crackdowns in collaboration with Myanmarese counterparts, with around 41,000 suspects transferred from Myanmar to Chinese custody, according to the ministry.
Chinese police maintained a tough stance on crimes related to food and drug security throughout the past year, with around 19,000 such cases solved and 28,000 suspects arrested, the ministry said.
Photo: Myanmar police hand over five telecom and internet fraud suspects to Chinese police at Yangon International Airport in Yangon, Myanmar, Aug. 26, 2023. (Chinese embassy in Myanmar/Handout via Xinhua)