Connect with us

Videos

မွန်ဂိုလီးယားနိုင်ငံ၏ မြို့တော်ရှိ လမ်းပေါ်တွင် တရုတ်နိုင်ငံထုတ်ဘတ်စ်ကားများ ပြေးဆွဲ

ဦလန်ဘာတာ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

မွန်ဂိုလီးယားနိုင်ငံ မြို့တော် ဦလန်ဘာတာသို့ တရုတ်ဘတ်စ်ကားထုတ်လုပ်သူ Yutong က ထုတ်လုပ်သည့် ဘတ်စ်ကား ၈၅ စီး ရောက်ရှိလာခဲ့ပြီး စတင်ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း ဦလန်ဘာတာ မြူနီစပယ် အုပ်ချုပ်ရေး အဖွဲ့က ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။တရုတ်နိုင်ငံမှ မွန်ဂိုလီးယားနိုင်ငံသို့ ပထမဆုံး Yutong ဘတ်စ်ကား ၃၅ စီးအား ဒီဇင်ဘာလနှောင်းပိုင်းတွင် ပို့ဆောင်ပေးခဲ့ပြီး ယင်းမှာ အများပြည်သူသယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း မြူနီစပယ်အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။မွန်ဂိုလီးယားနိုင်ငံက Yutong ဘတ်စ်ကားအစီးရေ ၆၀၀ ဝယ်ယူရန် စီစဉ်ထားပြီး ကျန်ရှိသည့် ဘတ်စ်ကားများ အားလုံးကို ဖေဖော်ဝါရီလတွင် မွန်ဂိုလီးယားနိုင်ငံသို့ ပို့ဆောင်သွားမည်ဟု ဆိုသည်။ (Xinhua)
—————————
China-made buses to hit the road in Mongolia’s capital
Eighty-five buses manufactured by Chinese bus maker Yutong have arrived in Ulan Bator and are being put into operation, the municipal government of the Mongolian capital said Friday.
The first 35 Yutong buses were delivered to Mongolia from China in late December, and were part of the country’s efforts to upgrade its public transport, said the municipal government.
Mongolia has planned to buy a total of 600 Yutong buses, and all remaining buses will be transported to Mongolia by February, it said.
Xinhua News Agency correspondents reporting from Ulan Bator.(XHTV)