Connect with us

China

တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံသူများဗဟိုပြု အရင်းအနှီးဈေးကွက်တစ်ခု ထူထောင်မည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၊ ဖူတုံဧရိယာသစ်ရှိ ရှန်ဟိုင်းစတော့ခ်အိတ်ချိန်းကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများဗဟိုပြုအရင်းအနှီးဈေးကွက် ထူထောင်ရန် ကြိုးပမ်းအားထုတ်မှုများ ပိုမိုဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အစုရှယ်ယာလက်မှတ်များကြီးကြပ်ရေး၏ အဆင့်မြင့်တာဝန်ရှိသူက ဇန်နဝါရီ ၂၄ ရက်၌ ပြောကြားခဲ့သည်။

“ရင်းနှီးမြှုပ်နှံသူတွေကို ကောင်းမွန်စွာ ကာကွယ်ပေးထားခြင်းကသာလျှင် အလားအလာရှိတဲ့ ဈေးကွက်အတွက် ခိုင်မာတဲ့ အုတ်မြစ်တစ်ခုရှိလာစေမှာဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံ အစုရှယ်ယာလက်မှတ်များ ကြီးကြပ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ Wang Jianjun က ပြောခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများဗဟိုပြုသည့် အတွေးအခေါ်ကို ဈေးကွက်စနစ်အစီအစဉ်ရေးဆွဲခြင်းမှ ကြီးကြပ်ခြင်းနှင့် ဥပဒေစိုးမိုးခြင်းအထိ ကော်မရှင်၏ လုပ်ငန်းအသီးသီး၌ ကျင့်သုံးရန်၊ ရင်းနှီးမြှုပ်နှံသူများကာကွယ်မှုစနစ် တိုးတက်ရေး အရှိန်မြှင့်တင်ရန် Wang က ကတိပြုခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများကို ကောင်းမွန်စွာကာကွယ်ခြင်းနှင့်အတူ “ဈေးကွက်က ရေတိုအဟန့်အတားတွေကနေ သေသေချာချာ လွတ်မြောက်နိုင်ပြီး တည်ငြိမ် ခိုင်ခံ့တဲ့လမ်းကြောင်းဆီ ပြန်ရောက်လာနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးအနာဂတ်က တောက်ပလာသလို စတော့ခ်ရှယ်ယာဈေးကွက်ရဲ့ အနာဂတ်ကလည်း အလားအလာကောင်းလာမယ်လို့ အခိုင်အမာယုံကြည်ပါတယ်” ဟု Wang က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
China to build an investors-centered capital market: official
BEIJING, Jan. 24 (Xinhua) — China will make more efforts to build an investors-centered capital market, a senior official of the country’s securities watchdog said Wednesday.
“Only when investors are well protected, will there be a solid foundation for a prosperous market,” Wang Jianjun, vice chairman of the China Securities Regulatory Commission, said.
Wang pledged to apply investors-centered philosophy to the commission’s various work from the market system planning to supervision and law enforcement, and accelerate improving the system of investors protection.
With investors well protected, “the market will definitely come out of short-term disruptions, and return to the stable and healthy path,” Wang said. “We firmly believe that the future of our economy is bright and the future of our stock market is bright.”
Photo: File photo shows an exterior view of the Shanghai Stock Exchange at Pudong New Area in Shanghai, east China. (Xinhua)