Connect with us

China

တရုတ်နိုင်ငံက ဥရောပ ၆ နိုင်ငံအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒ ကြေညာ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ဒုတိယအကြိမ်အစည်းအဝေးနှင့်တွဲလျက်ပြုလုပ်သော တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် ပြည်ပဆက်ဆံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကို ၂၀၂၄ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဆွစ်ဇာလန်၊ အိုင်ယာလန်၊ ဟန်ဂေရီ၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ် စသည့် နိုင်ငံများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို မတ် ၁၄ ရက်မှစ၍ စမ်းသပ်ကျင့်သုံးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

“မိမိတို့အနေနဲ့ တရုတ်နိုင်ငံသားတွေကို နိုင်ငံများစွာက ဗီဇာအဆင်ပြေချောမွေ့စေဖို့၊ နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုဆိုင်ရာ အမြန်လမ်းကြောင်းကွန်ရက်တွေ တည်ဆောက်ရေးလုပ်ဆောင်ဖို့နဲ့ နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ် အမြန်ဆုံးပြန်လည်ပြေးဆွဲရေးတွန်းအားပေးဖို့ မျှော်လင့်ပါတယ်” ဟု တရုတ်နိုင်ငံ ဥပဒေပြုလွှတ်တော်ဖြစ်သော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ဒုတိယအကြိမ်အစည်းအဝေး သတင်းစာရှင်းလင်းပွဲ၌ ဝမ်က ပြောခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းက တရုတ်နိုင်ငံသားများ ပြည်ပသို့ခရီးသွားလာမှုအတွက် ပိုမိုအဆင်ပြေချောမွေ့စေမည် ဖြစ်သလို တရုတ်နိုင်ငံတွင်းရှိ နိုင်ငံခြားသားမိတ်ဆွေများအတွက်လည်း အဆင်ပြေစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

………………………………
(English Version)
China announces visa-free policy for 6 European countries: FM
BEIJING, March 7 (Xinhua) — China will adopt a visa-free policy for Switzerland, Ireland, Hungary, Austria, Belgium and Luxembourg on a trial basis, starting March 14, Chinese Foreign Minister Wang Yi said Thursday.
“We hope more countries will also offer Chinese citizens visa facilitation and work with us to build fast-track networks for cross-border travels and encourage speedy resumption of international passenger flights,” Wang told a press conference on the sidelines of the second session of the 14th National People’s Congress, China’s national legislature.
This will make it more convenient for Chinese citizens to travel abroad, and make foreign friends feel at home in China, he said.
Photo: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, attends a press conference on China’s foreign policy and foreign relations on the sidelines of the second session of the 14th National People’s Congress (NPC) in Beijing, capital of China, March 7, 2024. (Xinhua/Cai Yang)