Connect with us

Media

တောင်ကိုရီးယားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူအရေအတွက် ၄၀ ဦးထိ မြင့်တက်ကာ ၉ ဦး ပျောက်ဆုံးနေ

ဆိုးလ် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၌ မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူအရေအတွက်သည် ၄၀ ဦးအထိ မြင့်တက်လာခဲ့ပြီး ပျောက်ဆုံးသူမှာ ၉ ဦး ရှိနေသေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဇူလိုင် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
North Gyeongsang ပြည်နယ် အရှေ့တောင်ပိုင်း နှင့် Chungcheong ပြည်နယ်အလယ်ပိုင်းတို့တွင် စုစုပေါင်း လူ ၄၀ ဦးကို သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း ဗဟိုဘေးအန္တရာယ်နှင့် ဘေးကင်းရေး တုံ့ပြန်ရေး ဌာနချုပ်မှ သိရသည်။

မိုးရွာသွန်းမှုကြောင့် မြို့နှင့် ပြည်နယ်၁၆ ခုမှ လူပေါင်း ၁၀,၇၆၅ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ (Xinhua)

………………………….
(English Version)
Death toll from S. Korea’s heavy rain rises to 40, with 9 missing
The death toll from recent heavy rains in South Korea rose to 40, while nine others remained missing, relevant authorities said on Monday.
A total of 40 people had been found dead in southeastern North Gyeongsang province and central Chungcheong province, according to the central disaster and safety countermeasure headquarters.
A total of 10,765 people from 16 cities and provinces were evacuated due to the downpour damage.
Xinhua News Agency correspondents reporting from Seoul.(XHTV)