Connect with us

Media

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျဘက်ရောက်ချိန်တွင် တရုတ်စီးပွားရေးက ပထမနှစ်ဝက်အတွင်း အကျပ်အတည်းကြားမှ ပြန်လည်ကောင်းမွန်လာ

ပေကျင်း ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး စွမ်းဆောင်မှုက စိန်ခေါ်မှုအမျိုးမျိုးဖြင့် ရင်ဆိုင် နေရချိန်တွင် ပြန်လည်ကောင်းမွန်လာသည့် လက္ခဏာများအား တွေ့မြင်ရကြောင်း ဆင်ဟွာက ကြီးမှူးကျင်းပသည့် တရုတ်နိုင်ငံစီးပွားရေးစကားဝိုင်း၌ တက်ရောက်ဆွေးနွေးသူများ၏ ပြောကြားချက်အရ သိရသည်။

အမျိုးသားစာရင်းအင်းဗျူရိုထံမှ အချက်အလက်များအရ တရုတ်နိုင်ငံ၏ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု(GDP)သည် ယခုနှစ် ပထမနှစ်ဝက်တွင် ပြီးခဲ့သည့်နှစ် ကာလတူထက် ၅.၅ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း ဇူလိုင် ၁၇ ရက်တွင် သိရသည်။

စီးပွားရေးတိုးတက်မှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက သိသိသာသာ အရှိန်မြှင့်တင်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို ပြောရေးဆိုခွင့်ရှိသူ Fu Linghui က ပြောကြားခဲ့သည်။ (Xinhua)

……………………….
(English Version)
Chinese economy sees hard-won recovery in H1 amid global downturn
China’s economic performance in the first half (H1) of 2023 showed signs of recovery in the face of various challenges, according to guest speakers at the China Economic Roundtable hosted by Xinhua.
Data from the National Bureau of Statistics (NBS) showed Monday that China’s gross domestic product (GDP) grew 5.5 percent year on year in the first half of this year.
The NBS spokesperson Fu Linghui said the economic growth had significantly accelerated compared with that of last year,
Xinhua News Agency correspondents reporting from Beijing.(XHTV)